ရာသီဥတု ပူပြင်းတာကြောင့် ခံတွင်းလိုက်စေမယ့် အရာလေးတွေကို ရွေးချယ် ချက်ပြုတ်မိပါတယ်။
ပါဝင်ပစ္စည်းများ
- ညောင်ချဉ်ဖူး ၃ ဗူး (နိူ့ဆီဗူး)
- ကြက်သွန်ဖြူ ၁၀ တက်
- ကြက်သွန်နီ ၂ လုံး
- ဆီ လိုအပ်သလို
- နနွင်းမှုန့် အနည်းငယ်
- မြေပဲလှော် ၅ ဇွန်း
- ငရုတ်သီးစိမ်း ၅ တောင့်
- ငရုတ်လှော်မှုန့် အနည်းငယ်
- ဆား
- ဟင်းခတ်မှုန့်
ပြင်ဆင်ပြုလုပ်နည်း
လတ်ဆတ်တဲ့ ညောင်ချဉ်ဖူးတွေရမယ်ဆိုရင်တော့ အဖန်ဓာတ်တွေ ကုန်သွားသည်အထိ (၂)ရည်(၃)ရည်ခမ်းအောင် ပြုတ်ပေးရပါမယ်။
ဈေးထဲက ပြုတ်ပြီးသားအဆင်သင့်ရရင်တော့ (၁)ရည်လောက် ပြုတ်ပေးပါ ။ ပြုတ်ပြီးသား ညောင်ချဉ်ဖူးတွေကို ရေစင်နေအောင် စစ်ထားပါ။
ကြက်သွန်နီ ၊ ဖြူ တို့ကို နနွင်းမှုန့်အနည်းငယ်နှင့်အတူ ဆီချက်ပြုလုပ်ပါ။ မြေပဲလှော်ကို မညှက်တညှက် ထောင်းပါ။ ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ။
ရေစင်အောင်စစ်ထားတဲ့ ညောင်ချဉ်ဖူးတွေကို ရေကုန်သည်အထိ ညှစ်ချပါ။ ငရုတ်ဆုံထဲ မွရုံလေးထည့်ပြီး ထောင်းပါ ။ မွရုံလေးဖြစ်နေတဲ့ ညောင်ချဉ်ဖူးတွေကို ဓားနှင့် ခပ်ပါးပါး လှီးဖြတ်ပါ။
ဇလုံတစ်ခုထဲမှာ ညောင်ချဉ်ဖူးတွေထည့်ပြီး ကြက်သွန်နီ ၊ ဖြူဆီချက် ၊ မြေပဲထောင်း ၊ ဆား ၊ ဟင်းခတ်မှုန့် ၊ ငရုတ်သီးစိမ်း ၊ ငရုတ်လှော်မှုန့် (နှစ်သက်ပါက ပုစွန်ခြောက်မှုန့်အနည်းငယ်ထည့်နိူင်) တို့နှင့်အတူ ရောပြီး ခပ်ဖွဖွလေး နယ်ပေးပြီး နှမ်းလှော် ဖြူးပြီး အလှဆင်ပေးပါ။
ပူပြင်းတဲ့ ရာသီမှာ ခံတွင်းလိုက်စေမယ့် ချို၊ချဉ် ၊ စိမ့်တဲ့ ညောင်ချဉ်ဖူးသုပ် ရပါပြီ။
Credit: ဟင်းချက်နည်းများ