သား၊ ငါးရှောင်ပြီး သတ်သပ်လွတ်စားရင်း ကုသိုလ်ယူချင်သူများအတွက် ဒီတစ်ခါမှာတော့ ဟင်းရွက်စုံ ကြာဇံကြော်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Cabbage

• ဂေါ်ဖီထုပ် ၂ ပေါင် (ပါးပါးလှီးထားပါ)
• မုန်လာဥနီ ၁ ပေါင် (ပါးပါးလှီးထားပါ)
• နှမ်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
• ၂ လက်မပတ်လည်အရွယ်အစားရှိ ဂျင်းတုံး ၁ တုံး (ပါးပါးလှီးထားပါ)
• ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)

• ကြာဇံ ၂၅၀ ဂရမ်
• ငါးငံပြာရည် စားပွဲတင်ဇွန်း ၅ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ရေ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
• ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၄ ဇွန်း
• ငရုတ်သီးမှုန့် အနည်းငယ်
• ရေနွေး အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ပျားရည်၊ ရေနှင့် ဆန်ရှာလကာရည်တို့ထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။

ကြာဇံကိုတော့ ရေနွေးထဲထည့်ပြီး ၃ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ထို့နောက် မီးဖိုချောင်သုံး ကတ်ကြေးဖြင့် ညှပ်ထားပေးလိုက်ပါ။

၂။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်လိုက်ပါ။ ဆီပူလာပါက ဂျင်းနှင့် ကြက်သွန်ဖြူတို့ထည့်ပြီး စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ဂေါ်ဖီနှင့် မုန်လာဥနီတို့ထည့်ပြီး ၆ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ ဂေါ်ဖီကြော်ထဲသို့ ပဲငံပြာရည်ဆော့စ်များထည့်လိုက်ပါ။ ကြာဇံကြော်များထည့်ပြီး သမအောင် ကြော်ပေးလိုက်ပါ။ ထို့နောက် နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပါးပါးလှီးထားသော ကြက်သွန်မြိတ်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး ၁ မိနစ်ခန့် ထပ်ကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ အရွက်စုံ ကြာဇံကြော်တစ်ပွဲ ရရှိသွားပါပြီ။

Source: Ifoodreal.com