အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ချက်ပြုတ်နည်းကတော့ ဂေါ်ဖီကို ဟင်းအနေနဲ့ မစားချင်သူများအတွက် အဆာပြေမုန့် အကြော်အနေနဲ့ စားသုံးနိုင်တဲ့ ကြက်ဥကပ် ဂေါ်ဖီကြော် ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

Cabbage

  • ဂေါ်ဖီထုပ် တစ်ထုပ်၏ လေးစိပ် တစ်စိပ်
  • ကြက်ဥ ၂ လုံး
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဘက်စုံသုံး ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဂေါ်ဖီကို ရေဆေးပြီးနောက် ခပ်ရှည်ရှည်ဖြင့် ပါးပါးလှီးပေးလိုက်ပါ။

၂။ ရရှိလာသော ဂေါ်ဖီချောင်းများကို ပန်းကန်လုံးအကြီးထဲထည့်ပါ။ ထို့နောက် ကြက်ဥ ၂ လုံးပါ ဖောက်ထည့်လိုက်ပါ။

၃။ ထိုပန်းကန်လုံးထဲသို့ပင် ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ထည့်ကာ ခက်ရင်းဖြင့် သမအောင်နယ်ပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ် ထည့်ပါ။ ဆီပူလာပါက ကြက်ဥ ဂေါ်ဖီအရောအနှောကို ဇွန်းအကြီး တစ်ဇွန်းစာဖြင့် ခပ်ယူပြီးနောက် ဒယ်အိုးထဲထည့်ပါ။ ထို့နောက် အဖုံးအုပ်ထားပြီး မီးအေးအေးဖြင့် အညိုဖျော့ရောင် ပြောင်းသွားသည်အထိ တည်ထားလိုက်ပါ။

၅။ မိနစ်အနည်းငယ် ကြာတဲ့အခါ ဂေါ်ဖီကြော်များကို အခြားတစ်ဖက်သို့လှန်လိုက်ပါ။ ဇွန်းဖြင့် အကြော်များကို ခပ်ဖွဖွ ဖိပေးလိုက်ပါ။ ဒယ်အိုးအဖုံးပြန်အုပ်ပြီး မိနစ်အနည်းငယ်ခန့် ထပ်ကြော်ပေးရပါမယ်။

အားလုံးကြော်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်ဥကပ် ဂေါ်ဖီကြော်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

Source: YummyKitchen