အားလုံးပဲ မင်္ဂလာပါ။ လတ်လတ်ဆတ်ဆတ်လေးနဲ့ အရသာရှိတဲ့ ဟင်းရွက်ကြော်ကိုမှ စားသုံးချင်တဲ့ Foodies လေးတွေအတွက် ဒီတစ်ခါမှာတော့ ကြွပ်ရွပြီး စားလို့ကောင်တးဲ့ မုန်ညှင်းထုပ် ပန်ကိတ်ကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုန်ညှင်းထုပ် ၈ အောင်စ ( ၄ ရွက်၊ ၅ ရွက်ခန့်) ရေဆေးပြီးနောက် ခြောက်အောင် သုတ်ထားပါ
  • ကြော်ရန် ဟင်းရွက်ဆီ
  • ဟင်းရွက်ပြုတ်ရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ဂျုံမှုန့် စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ကြက်ဥ ၂ လုံး

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ငရုတ်သီးမှုန့်၊ ရှာလကာရည်၊ ကြက်သွန်မြိတ်နှင့် နှမ်းစေ့တို့ထည့်ကာ သမအောင် ရောမွှေထားပါ။

၂။ ဇလုံအကြီးတစ်လုံးထဲတွင် ဟင်းရွက်ပြုတ်ရည်၊ ဆား၊ ဂျုံမှုန့်နှင့် ကြက်ဥတို့ထည့်ကာ သမအောင် မွှေခလောက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။

၄။ မုန်ညှင်းရွက် တစ်ရွက်ချင်းစီကို မုန့်နှစ်ဇလုံထဲထည့်ပြီး မုန့်နှစ်ဖြင့် ကပ်လိုက်ပါ။

၅။ ထို့နောက် ဆီပူထဲထည့်ကာ ကြော်လိုက်ပါ။ မုန်ညှင်းရွက်က ပြားချပ်ချပ်လေးဖြစ်နေဖို့ရန်အတွက် ကြော်နေစဉ်အတွင်းမှာ မုန်ညှင်းရွက်ရဲ့အလယ်အူတိုင်ကို ယောင်းမဖြင့် ၁၀ စက္ကန့်ကြာအောင် ဖိထားလိုက်ပါ။ ၂ မိနစ်ကြာအောင် ကြော်ပြီးတဲ့အခါ အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၂ မိနစ်ခန့် ဆက်ကြော်ပါ။

ဒါဆိုရင်တော့ ကြွပ်ကြွပ်ရွရွလေးနဲ့ အရသာရှိတဲ့ မုန်ညှင်းထုပ် ပန်ကိတ်ကြော်လေး ရရှိသွားပါပြီ။

ရရှိလာတဲ့ ပန်ကိတ်အချပ်ကြီးကို ဓား (သို့) ကတ်ကြေးဖြင့် အညီအမျှပိုင်းကာ အဆင့် (၁) က ပြုလုပ်ထားသော အချဉ်ရည်ဖြင့် တို့စားနိုင်ပါတယ်။

Source: Maangchi.com