အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အစာအုပ်စု မျှတစွာပါဝင်တဲ့ ဟင်းလျာတစ်ခွက် ချက်ပြုတ်ပြင်ဆင်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပရိုတင်းဓာတ် ကြွယ်ဝတဲ့ ကြက်သားနဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ရောဂါကာကွယ်ပေးတဲ့ ဂေါ်ဖီ၊ မုန်လာဥနီတို့ကို အရသာရှိရှိ ချက်ပြုတ်ပြင်ဆင်မှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သား ၁ ပေါင်ခွဲ (အရိုးနှင့် အရေခွံတို့ကို ဖယ်ရှားထားပါ)
  • ဂေါ်ဖီထုပ် ၁ ထုပ်
  • မုန်လာဥနီ ၂ လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

Cabbage

  • ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၁ ဇွန်း (မထည့်လည်း ရပါတယ်)
  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီးနောက် သံလွင်ဆီ ထည့်ပါ။ ထို့နောက် ကြက်သားများထည့်ကာ ၅ မိနစ်၊ ၇ မိနစ်ခန့် ကြော်လိုက်ပါ။

၂။ ကြက်သားကြော်နေစဉ်မှာ ေ၈ါ်ဖီကို ပါးပါးလှီးလိုက်ပါ။

၃။ ထို့နောက် ကြက်သားအိုးထဲသို့ ခရမ်းချဉ်သီးအနှစ်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ၅ မိနစ်ခန့် သမအောင် မွှေလိုက်ပါ။

၄။ ဂေါ်ဖီများ ထည့်ကာ နောက်ထပ် ၅ မိနစ်ခန့် မွှေကြော်ပါ။

၅။ ထို့နောက် မုန်လာဥနီ၊ ကြက်ပြုတ်ရည်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ မိနစ် ၄၀ ခန့် တည်ထားလိုက်ပါ။ မကြာခဏ မွှေပေးဖို့လည်း လိုပါတယ်။

၆။ မိနစ် ၄၀ ပြည့်ပြီး အိုးထဲတွင် မည်သည့်အရည်မှ မကျန်တော့ဘူးဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

အစပ်ကြိုက်သူများကတော့ ငရုတ်သီးနှစ်လေး ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သား ဂေါ်ဖီရောကြော်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။ နံနံပင် အနည်းငယ် ဖြူးထည့်ကာ ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Cooktoria.com