အားလုံးပဲမင်္ဂလာပါနော်။ ထမင်းလည်းမြိန်ပြီး အရသာလည်းရှိတဲ့ ဂေါ်ဖီဝက်သားကြော်လေး ကြော်စားလို့ရအောင်မျှဝေပေးချင်ပါတယ်။

အရမ်းလည်းအရသာရှိပြီး အရမ်းကောင်းတာမို့ စာဖတ်သူတို့ သဘောကျမယ်လို့ ယုံကြည်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ဆီ
  • ဝက်သား ၃ ထပ်သားအနည်းငယ်
  • ကြက်သွန်ဖြူ ၅ မွှာ
  • ငရုတ်သီးအခြောက် ၅ တောင့်
  • ဂေါ်ဖီထုပ် ၁ ခု

Source: Slap Yo’ Daddy BBQ

  • Shaoxing ဝိုင်အနည်းငယ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား

Source: Tastessence

  • ရေ အနည်းငယ်
  • တရုတ်ရှာလကာရည်အနှောက် အနည်းငယ်
  • ကြက်သွန်မြိတ်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံးဆီကိုအပူပေးလိုက်ပြီး အသား၊ ကြော်လိုက်ပါ။ အဲဒီနောက် ကြက်သွန်ဖြူ ငရုတ်သီးကိုထည့်လိုက်ပြီး အပူချိန်ကိုနည်းနည်းလျှော့လိုက်ကာ ခဏလောက်မွှေလိုက်ပါ။ ကြက်သွန်မတူးပါစေနဲ့နော်။
အဲဒီနောက် ကြော်ထားတာတွေကို အိုးရဲ့ ဘေးဖက်မှာဖယ်လိုက်ပြီး ဂေါ်ဖီ၊ ဝိုင်၊ ပဲငံပြာရည်၊ သကြားနဲ့ ရေထည့်လိုက်ပါ။

အဲဒီနောက် ၁ မိနစ်-၂မိနစ်လောက် အဖုံးလေးနဲ့ ခဏအုပ်ထားလိုက်ပါ။

ပြီးရင်တော့ ရှလကာရည်အနှောက်၊ ဆား၊ ကြက်သွန်မြိတ်ထည့်လိုက်ပါ။ သေချာမွှေပေးလိုက်ပြီါ် သုံးဆောင်လို့ရပါပြီနော်။

Photo: www.thewoksoflife.com

By: MyFood Myanmar