အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ မုန်လာဥနီ ဝက်သားစွပ်ပြုတ် ဟင်းရည် ချက်ပြုတ်နည်းပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- မှိုခြောက် ၄ ပွင့်
- ဝက်သား ၆၀၀ ဂရမ် (အတုံးခပ်ကြီးကြီး တုံးထားပါ)
- မုန်လာဥနီ ၅၀၀ ဂရမ် (အတုံးကြီးကြီး လှီးထားပါ)
- စွန်ပလွံသီးခြောက် ၁၅ ဂရမ်
- ဂျင်း အတုံးကြီး ၁ တုံး (ပြားနေအောင် ဓားပြားရိုက်ထားပါ)
- ရေ ၁၄ ခွက် (၃ လီတာခွဲ)
- ဆားအနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ မှိုများကို သန့်စင်ပြီးတဲ့နောက်မှာ ရေနွေးနွေးထဲတွင် ၂ နာရီ၊ ၃ နာရီခန့် စိမ်ထားလိုက်ပါ။
၂။ ဝက်သားကို ဒန်အိုးထဲထည့်ပြီး ဝက်သားမြှုပ်သွားသည်အထိ ရေထည့်ပါ။ ထို့နောက် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ဆူလာပါက မီးဖိုပေါ်မှချကာ ရေများကို သွန်ပစ်ပြီး ဝက်သားကို စင်ကြယ်အောင် ထပ်မံဆေးကြောလိုက်ပါ။
၃။ ဝက်သားကို သန့်စင်သော အိုးထဲသို့ ပြန်ထည့်ပါ။ မှို၊ မုန်လာဥနီ၊ စွန်ပလွံသီး၊ ဂျင်းနှင့် ရေ ၃ လီတာခွဲတို့ ထည့်လိုက်ပါ။ မှို စိမ်ထားသော ရေနွေးလည်း တစ်ပါတည်း ထည့်လိုက်ပါ။ အိုးအဖုံးအုပ်ထားပြီး မီးပြင်းပြင်းဖြင့် တည်ထားပါ။ ၂ နာရီခန့် တည်ထားရပါမယ်။
၄။ သတ်မှတ်ချိန်ပြည့်သွားပါက ဆားအနည်းငယ်ထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ မုန်လာဥနီ ဝက်သားစွပ်ပြုတ် ဟင်းရည်လေး ရရှိသွားပါပြီ။
Source: Thewoksoflife.com