အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ မုန်လာဥနီ ဝက်သားစွပ်ပြုတ် ဟင်းရည် ချက်ပြုတ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မှိုခြောက် ၄ ပွင့်
  • ဝက်သား ၆၀၀ ဂရမ် (အတုံးခပ်ကြီးကြီး တုံးထားပါ)
  • မုန်လာဥနီ ၅၀၀ ဂရမ် (အတုံးကြီးကြီး လှီးထားပါ)
  • စွန်ပလွံသီးခြောက် ၁၅ ဂရမ်
  • ဂျင်း အတုံးကြီး ၁ တုံး (ပြားနေအောင် ဓားပြားရိုက်ထားပါ)

  • ရေ ၁၄ ခွက် (၃ လီတာခွဲ)
  • ဆားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မှိုများကို သန့်စင်ပြီးတဲ့နောက်မှာ ရေနွေးနွေးထဲတွင် ၂ နာရီ၊ ၃ နာရီခန့် စိမ်ထားလိုက်ပါ။

၂။ ဝက်သားကို ဒန်အိုးထဲထည့်ပြီး ဝက်သားမြှုပ်သွားသည်အထိ ရေထည့်ပါ။ ထို့နောက် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ဆူလာပါက မီးဖိုပေါ်မှချကာ ရေများကို သွန်ပစ်ပြီး ဝက်သားကို စင်ကြယ်အောင် ထပ်မံဆေးကြောလိုက်ပါ။

၃။ ဝက်သားကို သန့်စင်သော အိုးထဲသို့ ပြန်ထည့်ပါ။ မှို၊ မုန်လာဥနီ၊ စွန်ပလွံသီး၊ ဂျင်းနှင့် ရေ ၃ လီတာခွဲတို့ ထည့်လိုက်ပါ။ မှို စိမ်ထားသော ရေနွေးလည်း တစ်ပါတည်း ထည့်လိုက်ပါ။ အိုးအဖုံးအုပ်ထားပြီး မီးပြင်းပြင်းဖြင့် တည်ထားပါ။ ၂ နာရီခန့် တည်ထားရပါမယ်။

၄။ သတ်မှတ်ချိန်ပြည့်သွားပါက ဆားအနည်းငယ်ထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မုန်လာဥနီ ဝက်သားစွပ်ပြုတ် ဟင်းရည်လေး ရရှိသွားပါပြီ။

Source: Thewoksoflife.com