မုန်လာဥနီ၊ ချယ်ရီခရမ်းချဉ်သီးနဲ့ မုန်လာဥဖြူတို့ ပေါင်းစပ်ထားတဲ့ ဟင်းရွက်ဖျော်ရည်က ဘယ်လိုကောင်းကျိုးတွေ ဆောင်ကျဉ်ပေးနိုင်သလဲဆိုတာကို သင် သိပါသလား။

ထိုဟင်းရွက်တစ်ခုချင်းစီရဲ့ အကျိုးအာနိသင်ကို ပြောပြရမယ်ဆိုရင် မုန်လာဥနီက မျက်စိ အားကောင်းစေပြီး အသည်းကျန်းမာရေး၊ သွားကျန်းမာရေး၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ နှလုံးကျန်းမာရေးတို့အတွက် အထောက်အကူပြုပြီး ကင်ဆာရောဂါကိုပါ တိုက်ဖျက်ပေးနိုင်ပါတယ်။

အလုံးသေးပေမယ့် အစွမ်းထက်တဲ့ ချယ်ရီခရမ်းချဉ်သီးကတော့ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးပြီး အသားအရေကို လှပစေပါတယ်။

မုန်လာဥဖြူကတော့ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း၊ သွေးကြောကျဉ်းရောဂါမှ ကာကွယ်ပေးခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းမှ ကာကွယ်ပေးခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း အစရှိတဲ့ အကျိုးကျေးဇူးများစွာကို ရရှိနိုင်ပါတယ်။

ဒီလိုအစွမ်းထက်တဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ကို ဖျော်စပ်နိုင်ဖို့အတွက် လိုအပ်မယ့် ပါဝင်ပစ္စည်းတွေကတော့…

Source: Istockphoto.com

  • မုန်လာဥနီ ၁ လုံး (သို့) ၂ လုံး
  • ချယ်ရီခရမ်းချဉ်သီး ၁၅ လုံး
  • မုန်လာဥဖြူ ၂ လုံး

အရင်ဦးဆုံး မုန်လာဥနီ၊ မုန်လာဥဖြူတို့ကို အတုံးသေးသေး တုံးထားပါ။ ချယ်ရီခရမ်းချဉ်သီးကိုတော့ ထက်ခြမ်း ခြမ်းထားပါ။ ချယ်ရီခရမ်းချဉ်သီး မရှိပါကလည်း ရိုးရိုးခရမ်းချဉ်သီးကို အသုံးပြုနိုင်ပါတယ်။

ထို့နောက် ပါဝင်ပစ္စည်းများအားလုံးကို ဖျော်စက်ထဲထည့်ကာ သမအောင် ဖျော်ပေးလိုကပါ။

ရရှိလာတဲ့ ဖျော်ရည်ကို သဘာဝအတိုင်း သောက်သုံးနိုင်သလို အရသာရှိစေချင်တယ်ဆိုရင်တော့ ပျားရည် အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

ဒီလိုကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သဘာဝဖျော်ရည်ကို နေ့စဉ်သောက်သုံးခြင်းအားဖြင့် သင့်ရဲ့ကျန်းမာရေးကို မြှင့်တင်နိုင်သလို အသားအရေအလှအပအတွက်လည်း တစ်စိတ်တစ်ပိုင်း ကူညီအားဖြည့်ရာ ရောက်ပါတယ်။

Source: Noobcook.com