အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပန်းဂေါ်ဖီ ကြိုက်နှစ်သက်သူများအတွက် ပန်းဂေါ်ဖီနဲ့ ပြုလုပ်ထားတဲ့ ပန်းဂေါ်ဖီကိတ်မုန့် ပြုလုပ်နည်းလေးကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းဂေါ်ဖီ ၁ ပွင့်
  • ကြက်ဥ ၆ လုံး
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၆ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၂၀ ဇွန်း
  • မုန့်ဖုတ်ပေါင်ဒါ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ပန်းဂေါ်ဖီများကို အနေတော်အတုံး လှီးဖြတ်ထားပါ။ ထို့နောက် ဖျော်စက်ထဲတွင် အမှုန့်များဖြစ်သွားသည်အထိ မွှေပေးလိုက်ပါ။

ရရှိလာတဲ့ ပန်းဂေါ်ဖီအကြေအမှုန်လေးများ နူးသွားဖို့ရန်အတွက် မိုက်ခရိုဝေ့ဖ်ထဲတွင် ၃ မိနစ်၊ ၄ မိနစ်ခန့် အပူပေးပါ။ ထို့နောက် အပြင်ထုတ်ကာ အအေးခံပါ။

၃။ ကြက်ဥအကာနှင့် အနှစ်များကို သပ်သပ်စီခွဲထားပါ။ ထို့နောက် ကြက်ဥအကာများကို ခရင်မ်ပုံစံပြောင်းသွားသည်အထိ လျှပ်စစ်မွှေစက်ဖြင့် မွှေပေးလိုက်ပါ။

၄။ အခြားပန်းကန်လုံးတစ်လုံးတွင်တော့ ကြက်ဥအနှစ်များကို ဆီ၊ ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ ဆားတို့ဖြင့် သမအောင် မွှေခလောက်ထားလိုက်ပါ။ အနှစ်များဖြစ်သွားတဲ့အခါမှာတော့ ပန်းဂေါ်ဖီအကြေအမှုန်များ ရောထည့်ကာ နယ်လိုက်ပါ။

၅။ ထိုပန်းဂေါ်ဖီအနှစ်ထဲသို့ ကြက်ဥအကာ ၄ ပုံ ၁ ပုံခန့် ထည့်မွှေပါ။ သမသွားတဲ့အခါ နောက်ထပ် ၃ ပုံ ၁ ပုံခန့် ထည့်မွှေပါ။ ဤသို့ဖြင့် ကြက်ဥအကာများ ကုန်သွားသည်အထိ ရောမွှေပါ။

၆။ ကိတ်မုန့်လင်ဗန်းထဲသို့ ဆီစုပ်စက္ကူ ခံထည့်ထားပါ။ ထို့နောက် စောစောကပန်းဂေါ်ဖီအနှစ်များကို လောင်းထည့်ပြီးနောက် မျက်နှာပြင်ညီညာအောင် ညှိလိုက်ပါ။ ပြီးရင်တော့ Oven ထဲတွင် ၄၅ မိနစ်၊ မိနစ် ၅၀ ခန့် ထည့်ဖုတ်လိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိပြီး အနံ့မွှေးတဲ့ ပန်းဂေါ်ဖီကိတ်မုန့်လေးရရှိသွားပါပြီ။

Source: Kirbiecravings.com