အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပါဝင်ပစ္စည်း ငါးမျိုးတည်းရှိရုံနဲ့ အရသာရှိပြီး ပြုလုပ်ရလွယ်ကူတဲ့ ပန်းဂေါ်ဖီ ပီဇာချောင်းလေးကို ဘယ်လိုပြင်ဆင်ချက်ပြုတ်ရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းဂေါ်ဖီ တစ်ပွင့်
  • ကြက်ဥ ၂ လုံး
  • ချိစ်အနည်းငယ်
  • ငရုတ်ကောင်းမှုန့်နှင့် ဆားအနည်းငယ်
  • ဟင်းချက်စပရေး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။ ပန်းဂေါ်ဖီကို အနေတော်အတုံး တုံးပြီးနောက် စားစရာများ တုံးတစ်ရောနှောသည့်စက်ထဲ ထည့်ကြိတ်လိုက်ပါ။ ပန်းဂေါ်ဖီအတုံးလေးများက ထမင်းကဲ့သို့ ဖြစ်သွားပါလိမ့်မယ်။

၂။ ရရှိလာတဲ့ ပန်းဂေါ်ဖီထမင်းလေးကို လင်ဗန်းထဲထည့်ပြီးနောက် Oven ထဲမှာ မိနစ် ၂၀ ခန့် ထည့်ထားလိုက်ပါ။ အချိန်ပြည့်ပါက Oven ထဲကထုတ်ပြီး ၁၅ မိနစ်ခန့် အအေးခံထားလိုက်ပါ။

၃။ ရရှိလာတဲ့ ပန်းဂေါ်ဖီများကို အဝတ်စသန့်သန့်တစ်ခုထဲထည့်ပြီး အရည်စင်အောင် နှစ်ခေါက်ခန့် ညှစ်ပေးလိုက်ပါ။ အဝတ်စထဲက ပန်းဂေါ်ဖီက ဂျုံမှုန့်ပုံသဏ္ဍာန် အတုံးအခဲလေးများ ဖြစ်သွားပါလိမ့်မယ်။

၄။ Oven ကို ၄၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် အပူချိန်မြင့်လိုက်ပါ။ စောစောကနယ်ထားသော ပန်းဂေါ်ဖီအတုံးကို ဇလုံတစ်လုံးထဲထည့်လိုက်ပါ။ ထိုဇလုံထဲသို့ ကြက်ဥအကာ၊ ချိစ်၊ ငရုတ်ကောင်းမှုန့်နှင့် ဆားတို့ထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။

၅။ Oven ထဲထည့်မယ့် လင်ဗန်းကို ဆီစုပ်စက္ကူခံထားလိုက်ပါ။ ထို့နောက် စောစောကနယ်ထားသော မုန့်နှစများကို လင်ဗန်းပေါ်မှာ ညီညီညာညာဖြန့်ကျက်ပေးလိုက်ပါ။

၆။ ပြီးရင် လင်ဗန်းထဲမှာ ၁၈ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။ အချိန်ပြည့်ပါက လင်ဗန်းထဲက ထုတ်ပြီး ချိစ်အနည်းငယ် ဖြူးလိုက်ပါ။ ပြီးရင် ၅ မိနစ်ခန့် ထည့်ဖုတ်ပေးရပါမယ်။

ရရှိလာတဲ့ ပန်းဂေါ်ဖီပီဇာပြားလေးကို မိမိနှစ်သက်ရာ အနေအထားအတိုင်း လှီးဖြတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ပန်းဂေါ်ဖီ ပီဇာချောင်းလေး ရရှိသွားပြီပဲဖြစ်ပါတယ်။ မိမိနှစ်သက်ရာ အချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ တွဲဖက်စားသုံးလိုက်ပါ။

Source: Ifoodreal.com