ပန်းဂေါ်ဖီ ကြိုက်နှစ်သက်သူများအနေနဲ့ ဒီတစ်ခါမှာလည်း ခံတွင်းတွေ့သွားစေမယ့် ပန်းဂေါ်ဖီ ပန်ကိတ်ကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းဂေါ်ဖီ ၁ ပွင့်
  • ကြက်ဥ ၂ လုံး
  • ပေါင်မုန့်အကြေအစများ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • မိရောနိစ် စားပွဲတင်ဇွန်း ၁ ဇွန်း

  • နံနံပင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အငဆ့်ဆင့်

၁။ ပန်းဂေါ်ဖီကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောပါ။ ထို့နောက် ခြစ်ပြားအသုံးပြုပြီး ပန်းကန်လုံးအကြီးထဲသို့ ခြစ်ထည့်ပါ။

ထိုပန်းဂေါ်ဖီပန်းကန်ထဲသို့ ကြက်ဥ ၂ လုံး ဖောက်ထည့်ပါ။ ပေါင်မုန့်အကြေအစများ၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်၊ မိရောနိစ်နှင့် နံနံပင်တို့ထည့်ကာ သမအောင် နယ်ပါ။

၂။ ရရှိလာတဲ့ ပန်းဂေါ်ဖီအရောအနှောကို စားပွဲတင်ဇွန်း ၅ ဇွန်းစာခန့် ခပ်ယူပြီး အလုံးခပ်ကြီးကြီး လုံးလိုက်ပါ။ ထို့နောက် လက်ဖဝါးနှစ်ဖက်ဖြင့် ခပ်ဖွဖွဖိလိုက်ပါ။

ပန်းဂေါ်ဖီအရောအနှောများ အားလုံးကုန်သွားသည်အထိ ပန်းဂေါ်ဖီ ပန်ကိတ်ပြားများ ပြုလုပ်လိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ပန်းဂေါ်ဖီပြားများ ထည့်ကာ ရွှေညိုရောင်ပြောင်းသွားသည်အထိ ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ ဆက်ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပန်းဂေါ်ဖီ ပန်ကိတ်ကြော်လေး ရရှိသွားပါလိမ့်မယ်။ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Kirbiecravings.com