အားလုံးပဲ မင်္ဂလာပါ။ အကြော်စုံ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး ဆီ အနည်းငယ်သာ အသုံးပြုမယ့် ပန်းဂေါ်ဖီပန်ကိတ်ကြော်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းဂေါ်ဖီ ၁ ပေါင် (တစ်ပွင့်ရဲ့တစ်ဝက်ခန့်)
  • ကြက်သွန်နီ တစ်ခြမ်း
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ချိစ် ၅၀ ဂရမ်
  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)

  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူအမှုန့်နှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းဂေါ်ဖီကို အနေတော် အတုံးလေး တုံးထားပြီး ကြက်သွန်ဖြူကိုတော့ ခပ်ပါးပါးလှီး ထားလိုက်ပါ။ ထိုပန်းပွင့်နဲ့ ကြက်သွန်နီကို အစားအစာကြိတ်စက်ထဲ ထည့်ထားလိုက်ပါ။

၂။ ထို့နောက် ဆားထည့်ကာ အမှုန်အကြေအစလေးတွေ ဖြစ်သွားသည်အထိ မွှေပေးလိုက်ပါ။ ၁၀ မိနစ်ခန့် ထားထားလိုက်ပါ။

၃။ ထိုအချိန်တွင် Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။

၄။ စောစောက ပန်းဂေါ်ဖီများကို အဝတ်စသန့်သန့်လေးထဲထည့်ပြီးနောက် အရည်များကုန်စင်သွားသည်အထိ အရည်ညှစ်ပေးလိုက်ပါ။

၅။ ပြီးရင်တော့ ထိုပန်းဂေါ်ဖီအနှစ်များကို ပန်းကန်လုံးအကြီးတစ်လုံးထဲထည့်ပါ။ ထို့နောက် ချိစ်၊ ကြက်ဥ၊ ပြောင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်တို့ဖြင့် သမအောင် နယ်ပေးလိုက်ပါ။

၆။ လင်ဗန်းတစ်ချပ်ပေါ်မှာ ဆီစုပ်စက္ကူလေး ခံထားပြီးနောက် ပန်းဂေါ်ဖီ ပန်ကိတ် ၆ ချပ် အညီအမျှ ခွဲကာ လင်ဗန်းထဲထည့်ထားလိုက်ပါ။ ထိုပန်ကိတ်များကို ဆီဖြင့် သုတ်လိမ်းထားလိုက်ပါ။ ဆားအနည်းငယ် ဖြူးထည့်လိုက်ပါ။

၇။ ထို့နောက် Oven ထဲထည့်ကာ မိနစ် ၃၀၊ မိနစ် ၄၀ ခန့် ထည့်ဖုတ်ပေးရပါမယ်။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ ရွှေညိုရောင်သမ်းနေတဲ့ ပန်းဂေါ်ဖီ ပန်ကိတ်ကြော်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com