အဆင့်မြင့်မီးဖိုချောင်တစ်ခု ပိုင်ဆိုင်နိုင်ဖို့ရန်အတွက် လုံလောက်တဲ့မီးဖိုချောင်သုံးပစ္စည်းများကို လက်ဝယ်ပိုင်ဆိုင်ထားသင့်ပါတယ်။ လုံလောက်တဲ့ ပစ္စည်းများ ဝယ်ထားခြင်းက သင့်ကို အချိန်ကုန်သက်သာစေပြီး ပင်ပန်းမှုဒဏ်ကိုလည်း တစ်ဝက်တိတိလျော့ချပေးနိုင်ပါတယ်။

ဒါဆိုရင် သင့်မီးဖိုချောင်မှာ အခုဖော်ပြပေးမယ့် ပစ္စည်းလေးတွေရှိရဲ့လားဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

အိုးခွက် ပန်းကန်များဆေးကြာရ လွယ်ကူမယ့် လက်အိတ်

ဒီလက်အိတ်လေးကတော့ သင့်ရဲ့လက်အသားအရေ ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး အိုးခွက်ပန်းကန်များ ဆေးကြာရာမှလည်း ပိုမိုလွယ်ကူသက်သာသွားပါတယ်။

ကြက်သွန်အခွံချွတ်ပြီး ကြိတ်ချေပေးမယ့် ရာဘာဘူး

ဒီဘူးလေးကတော့ သင့်ရဲ့လက်မှာ ကြက်သွန်နံ့များ စွဲကပ်နေခြင်းမှ ကာကွယ်ပေးမှာပဲဖြစ်ပါတယ်။

ကြက်သွန် ကြိတ်ချေစက်

ဒီစက်လေးကလည်း သင့်ရဲ့လက်မှာ ကြက်သွန်နံ့များ မကပ်အောင် ကူညီပေးမှာပါ။ ကြက်သွန်ကို ပင်ပင်ပန်းပန်းကြီး ထုထောင်းနေစရာမလိုဘဲ စက်အဖုံးကို ဖိချလိုက်ရုံနဲ့တင် ပြီးပြည့်စုံသွားပါပြီ။

ပန်းကန်ဆေးတဲ့အခါ ရေမစင်အောင် ကူညီပေးမယ့် အကာ

ဒီအကာလေးကို ပန်းကန်ဆေးဘေစင်မှာ တပ်ထားလိုက်မယ်ဆိုရင် သင့်ရဲ့အင်္ကျီအဝတ်အစားတွေ ရေစင်သွားမှာကို ပူစရာမလိုတောေ့ပါဘူး။

ဖက်ထုပ်ထုပ်ရာမှာ လွယ်ကူစေမယ့် စက်

ဒီစက်ကလေး ဝယ်ထားမယ်ဆိုရင် ဖက်ထုပ် ထုပ်တဲ့အခါ လက်နဲ့ ဖိကပ်စရာမလိုတော့ပါဘူး။ အချိန်ကုန်သက်သာမယ့် စက်တစ်မျိုးပါပဲ။

ဆန် ဆေးပြီးနောက် ရေသွန်တဲ့အခါ ဆန်များ အပြင်သို့ ထွက်ကျမသွားဖို့အတွက်

သစ်ရွက်အကာလေးကို အိုးရဲ့နှုတ်ခမ်းဝမှာ တပ်ထားပေးလိုက်မယ်ဆိုရင် ရေများကို စိတ်အေးလက်အေးနဲ့ သွန်ပစ်နိုင်ပါပြီ။

သံပုရာသီး ညှစ်ပေးမယ့်စက်

သံပုရာသီးရဲ့ ထိပ်ပိုင်းကို လှီးဖြတ်ပြီး ထိုစက်ကို အတွင်းထဲသို့ ဖိသွင်းလိုက်ရုံပါပဲ။ သံပုရာသီးကို အရည်မညှစ်ချင်သူများအတွက် အသင့်တော်ဆုံးပါပဲ။

ဖရဲသီး လှီးဖြတ်ပေးမယ့် ဓား

ဒီဓားကတော့ ဖရဲသီးကို ပုံသဏ္ဍာန်လှလှလေးရအောင် ကူညီပေးမယ့် ဓားပါပဲ။

ဆားပုလင်း၊ ငရုတ်ကောင်းပုလင်း စတဲ့ပုလင်းမျိုးစုံကို တစ်စုတစ်စည်းတည်း သိမ်းထားနိုင်မယ့် စင်

အစားအစာများကို ခြင်၊ ယင်နဲ့ ပိုးလောင်းများ မနားအောင် ကာကွယ်ပေးမယ့် အုပ်ဆောင်း

ပျားရည် ထည့်ထားနိုင်တဲ့ ကရာအိုး

အခုဖော်ပြပေးသွားတဲ့ ပစ္စည်းအားလုံးကို သဘောကျကြမယ်လို့ ယုံကြည်မိပါတယ်။ ဒါဆိုရင်တော့ သင့်ရဲ့မီးဖိုချောင်ကို ခေတ်မှီမီးဖိုချောင်အဖြစ် ပြောင်းလဲလို့ရအောင် အခုပဲ ပြေးဝယ်ထားလိုက်တော့နော်။

Source: Brightside.me