ပင်လယ်စာ ပုစွန်ဟင်းလျာလေးကို ရှူးရှူးရှဲရှဲနဲ့ အစပ်ဂိတ်ဆုံးအထိ စားသုံးချင်သူများအတွက် ခရမ်းချဉ်သီး ပုစွန်ဟင်းလျာ ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်သွန်နီ လေးစိပ် တစ်စိပ် (ပါးပါးလှီးထားပါ)
- ငရုတ်သီးအနီ ၂ တောင့် (ပါးပါးလှီးထားပါ)
- ငရုတ်သီးထောင်း စားပွဲတင်ဇွန်း ၂ ဇွန်း
- ပုစွန် ၁၀ ကောင်
- ခရမ်းချဉ်သီး ၁ လုံး (၆ စိပ် စိပ်ထားပါ)
- ရေ အနည်းငယ်
- ခရမ်းချဉ်သီး Ketchup စားပွဲတင်ဇွန်း ၁ ဇွန်း
- ငါးငံပြာရည် လက်ကဖ်ရည်ဇွန်း ၁ ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီ၊ ငရုတ်သီးတို့ထည့်ကာ ဆီသတ်ပါ။ ထို့နောက် ငရုတ်သီးထောင်းထည့်ပါ။ မွှေပါ။
၂။ ပြီးရင်တော့ ပုစွန်ထည့်ပါ။ ခရမ်းချဉ်သီး၊ ရေအနည်းငယ်၊ ခရမ်းချဉ်သီး Ketchup ၊ ငါးငံပြာရည်နှင့် သကြားတို့ထည့်ကာ ၂ မိနစ်ခန့် တည်ထားပါ။
၃။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက် မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။
သင့်အနေနဲ့ လိုအပ်ပါက ရေ အနည်းငယ် ထပ်ထည့်နိုင်သလို အုန်းနို့အရသာ မြည်းစမ်းကြည့်ချင်ပါက အုန်းနို့အနည်းငယ် ထည့်နိုင်ပါတယ်။
ဒါဆိုရင်တော့ အရသာရှိတဲ့ ခရမ်းချဉ်သီး ပုစွန်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။
Source: Noobcook.com