အာလူးကြော်ရဲ့အမာခံပရိသတ်တို့ရေ မင်္ဂလာပါနော်။ Foodies လေးတို့အတွက် လုပ်စားနေရင်းနဲ့တင် သွားရေတမြှားမြှားကျစေမယ့် ချိစ် နှစ်ထပ်ကွမ်း အာလူးချောင်းကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၃၂ အောင်စ
  • Cheddar ချိစ် ပန်းကန်လုံး ၂ လုံးစာ
  • Mozzarella ချိစ် ပန်းကန်လုံး ၁ လုံးစာ
  • ဝက်ဆားနယ်ခြောက် စားပွဲတင်ဇွန်း ၁၂ ဇွန်း (ကြွပ်နေအောင် ကြော်ထားပြီး ချေမွထားပါ)
  • ပါးပါးလှီးထာေးသာ ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၄ ဇွန်း

  • နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း (ပါးပါးလှီးထားပါ)
  • ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးများကို အချောင်းလိုက် လှီးဖြတ်ထားပါ။ Cheddar ချိစ်နှင့် Mozzarella ချိစ်တို့ကို ခြစ်ပြားဖြင့် ခြစ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ ထည့်ပါ။ ဆီပူလာပါက အာလူးချောင်းကြော်များကို ရွှေညိုရောင် ပြောင်းလာသည်အထိ ကြော်ပေးလိုက်ပါ။

၃။ ရရှိလာတဲ့ အာလူးကြော်များကို Oven ထဲ ထည့်လို့ရမယ့် အပူခံဒယ်အိုးထဲ ထည့်ထားပါ။ ထို့နောက် ချိစ်များကို အာလူးချောင်းပေါ်ကနေ အုပ်ပေးလိုက်ပါ။

၄။ ထို့နောက် ထိုဒယ်အိုးကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် အပူပေးထားသော Oven ထဲ ထည့်ကာ ၅ မိနစ်ခန့် အပူပေးပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ချိစ်များ အရည်ပျော်သွားပါလိမ့်မယ်။ Oven ထဲကထုတ်ပြီး ဝက်ဆားနယ်ခြောက်၊ ကြက်သွန်မြိတ်နှင့် နံနံပင်တို့ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချိစ်နှစ်ထပ်ကွမ်း အာလူးချောင်းကြော်လေး ရရှိသွားပါပြီ။

Source: Dinneratthezoo.com