ကော်ဖီ၊ နွားနို့၊ လက်ဖက်ရည်၊ အအေး စတဲ့ ဖျော်ရည်တစ်မျိုးမျိုးနဲ့ တွဲဖက်စားသုံးနိုင်တဲ့ အရသာရှိတဲ့ ပေါင်မုန့်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

မနက်စာအဖြစ်လည်း စားသုံးနိုင်သလို နေ့လည်နေ့ခင်းမှာလည်း သရေစာမုန့်အဖြစ် စားသုံးနိုင်တဲ့ ချိစ် ခရမ်းချဉ်သီးပေါင်မုန့်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ ၁ လုံး
  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ပေါင်မုန့်အသားထူထူ ၄ ချပ်
  • ပေါင်မုန့်ဖုတ်ရန် သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • လှီးထားသော ခရမ်းချဉ်သီး ၈ ချပ်

  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ချိစ်တုံး ၃၄၀ ဂရမ်
  • အချောင်းလိုက် ခြစ်ချထားသော ချိစ် ၆၄ ဂရမ်

ပြုလုပ်နည်းအဆင့်ဆင့်

Oven ကို အပူချိန် ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

ခဲဖတ်ပေါ်တွင် ကြက်သွန်ဖြူတင်ပြီး သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်း ဆမ်းကာ ခဲဖတ်ကို လုံအောင်ထုပ်ထားပြီးနောက် မီးဖိုထဲတွင် ၂၅ မိနစ်ခန့် ထည့်ထားလိုက်ပါ။

အချိန်ပြည့်ပါက ကြက်သွန်ဖြူကို အအေးခံကာ အခွံချွတ်ပြီးနောက် ကြိတ်ချေလိုက်ပါ။

ပေါင်မုန့်ချပ်များကို Oven ထဲထည့်ဖုတ်မယ့် လင်ဗန်းထဲသို့ထည့်ပြီးနောက် ကျန်ရှိနေတဲ့ သံလွင်ဆီများ ဆမ်းပေးလိုက်ပါ။

ကြက်သွန် အကြေအစများကို ပေါင်မုန့်ပေါ် သုတ်လိမ်းပေးလိုက်ပါ။

ထို့နောက် ခရမ်းချဉ်သီးများ ထပ်တင်ပေးပြီးနောက် ဆား၊ ငရုတ်ကောင်းတို့ ထပ်ဖြူးထည့်ပါ။

ချိစ်အတုံးလေးများကို ခရမ်းချဉ်သီးပေါ် ညီညီညာညာဖြန့်ထည့်ပြီးမှ ချိစ်ချောင်းများကို လင်ဗန်းအပြည့် ဖြန့်ထည့်လိုက်ပါ။

ပြီးရင် Oven ထဲမှာ ၂၅ မိနစ်ခန့် ထည့်ဖုတ်ပေးရပါမယ်။

အချိန်ပြည့်တဲ့နောက်မှာ Oven ထဲက ထုတ်လိုက်ပါ။

ဒါဆိုရင်တော့ ချိစ်အရသာဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်းတဲ့ ခရမ်းချဉ်သီးပေါင်မုန့်ကို မိမိနှစ်သက်ရာဖျော်ရည်တစ်မျိုးမျိုးနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: couponclippingcook.com