အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ချိစ်အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ အာလူးထောင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၄ ပေါင် (အခွံခွာပြီး အတုံး ခပ်ကြီးကြီး တုံးထားပါ)
  • နွားနို့ ပန်းကန်လုံး ၁ ခွက်ခွဲ (စားပွဲတင်ဇွန်း အဇွန်း ၂၀)
  • ထောပတ် ၁ ခဲ (၁၁၃ ဂရမ်)
  • Parmesan ချိစ် ၆၀ ဂရမ်နှင့် Cheddar ချိစ် ၂၂၅ ဂရမ် (ခြစ်ခုံဖြင့် ခြစ်ချထားပါ)
  • ကြက်သွန်မြိတ် ၅ ပင် (ပါးပါးလှီးထားပါ)

  • ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးတုံးများကို နူးအိသွားသည်အထိ ပြုတ်ပေးလိုက်ပါ။

၂။ အာလူး နူးအိသွားပါက ရေနွေးပူများကို ဖယ်ရှားလိုက်ပြီး ထိုအာလူးအိုးကို မီးဖိုပေါ်တွင် ပြန်တင်ထားလိုက်ပါ။ မီးအပူရှိန်ကိုတော့ အေးအေးလေးပဲ ဖွင့်ထားရပါမယ်။

၃။ ထို့နောက် ထောပတ်ခဲနှင့် နွားနို့တို့ထည့်ကာ အာလူးကို ညှက်နေအောင် ဖိပေးလိုက်ပါ။ (ဇွန်းနဲ့ ဖိရတာ ခက်တယ်ဆိုရင်တော့ ဖျော်စက်ထဲထည့်ကာ ညှက်အောင် မွှေပေးနိုင်သလို ငရုတ်ဆုံ၊ ငရုတ်ကျည်ပွေံဖြင့်လည်း ထောင်းနိုင်ပါတယ်။)

၄။ ပြီးရင် ချိစ် ၂ မျိုးစလုံးထည့်ပေးလိုက်ပါ။ ငရုတ်ကောင်းမှုန့်၊ ဆားနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ ချိစ်များ ပျော်သွားသည်အထိ ဇွန်းဖြင့် ဖိပေးရပါမယ်။

၅။ ပါဝင်ပစ္စည်းများအားလုံး သမသွားတဲ့အခါမှာတော့ မီးဖိုပေါ်က ချကာ ပန်းကန်ထဲ ပြောင်းထည့်နိုင်ပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ချိစ် အာလူးထောင်းလေး ရရှိသွားပါပြီ။

Source : Thewoksoflife.com