အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ချိစ်အရသာ အာလူးမီးဖုတ်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၂ ပေါင်
  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • နွားနို့ ၅၀၀ မီလီလီတာ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

  • Cheddar ချိစ် ၂၅၀ ဂရမ်
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် (သို့) နံနံပင်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ Oven ထဲထည့်မယ့် လင်ဗန်းကို ဟင်းချက်စပရေးဖြင့် ဖြန်းထားလိုက်ပါ။

၂။ အာလူးကို အိုးတစ်လုံးထဲထည့်ပြီးနောက် ရေထည့်ကာ မိနစ် ၂၀ ခန့် ထည့်ပြုတ်ထားပါ။ ထို့နောက် ရေအေးထဲသို့ ဆယ်ထည့်ကာ အအေးခံထားပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ချိစ်ဆော့စ် ပြုလုပ်ရပါမယ်။ ဒယ်အိုးတစ်လုံးကို အပူပေးပြီးနောက် ထောပတ်ထည့်ပါ။ ဂျုံမှုန့်ထည့်ပြီး အနှစ်များဖြစ်သွားအောင် မွှေပေးလိုက်ပါ။ ၂ မိနစ်ခန့်ကြာတဲ့အခါ ဂျုံမှုန့်က ရွှေညိုရောင် ပြောင်းသွားပါလိမ့်မယ်။ နွားနို့ထည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေပေးလိုက်ပါ။ ထို့နောက် မီးဖိုပေါ်ကချပေးလိုက်ပါ။ အချောင်းလိုက် ပါးပါးလှီးထားသော ချိစ်များကို ၂၀၀ ဂရမ်ခန့် ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်များထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၄။ အာလူးများ အေးသွားပါက အခွံခွာကာ လက်မဝက် အနည်းငယ်ပါးအောင် ပါးပါးလှီးထားပါ။ ထို့နောက် လင်ဗန်းထဲတွင် အာလူးများ တစ်ခုနှင့်တစ်ခု ထပ်ထားကာ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးထည့်ပါ။ (ဒီအဆင့်မှာ အာလူးအကုန် မသုံးရပါဘူး။ ၃ ပုံ ၁ ပုံ ခန့်ပဲ သုံးရပါမယ်။)

၅။ ချိစ်ဆော့စ် ၃ ပုံ ၁ ပုံ ခန့်ကိုယူကာ အာလူးပေါ်တွင် လူးပေးလိုက်ပါ။

၆။ ကျန်ရှိသော အာလူး ၂ ပုံ ၁ ပုံကို တစ်ခုနှစ်တစ်ခုထပ်ပါ။ ဆားနှင့် ငရုတ်ကောင်းဖြူးပါ။ ချိစ် ၂ ပုံ ၁ ပုံ လူးပါ။

နောက်ဆုံးကျန်ရှိသောအာလူးနှင့် ချိစ်များကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပေးရပါမယ်။

၇။ ကျန်ရှိနေသော ချိစ် ၅၀ ဂရမ်ကို အပေါ်ဆုံးမှနေပြီး ဖြူးထည့်လိုက်ပါ။

၈။ ထို့နောက် အာလူးလင်ဗန်းကို Oven ထဲထည့်ပြီး မိနစ် ၂၀၊ ၂၅ မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

အချိန်ပြည့်သွားတဲ့အခါမှာတော့ အနံ့လေး သင်းပျံ့နေတဲ့ ချိစ်အရသာ အာလူးမီးဖုတ်လေး ရရှိသွားပါပြီ။

Source: Yellowblissroad.com