အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ပြုလုပ်ရလွယ်ကူပြီး အရသာရှိတဲ့ကြက်ပင်စိမ်းကြော် ကြော်နည်းလေးကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ကြက် (ရင်အုံသား) ၁ ခု
- ငါးငံပြာရည်စားပွဲတင်ဇွန်း ၁ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- သံပယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကော်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ရွှေဖရုံသီးအသေး ၁ လုံး (ပါးပါးလှီးပါ)
- မုန်လာဥနီ ၁ လုံး ပါးပါးလှီးပါ
- ကြက်သွန်မြိတ် ၁ ပင် ပါးပါးလှီးပါ
- ကြက်သွန်နီ အသေး တစ်ခြမ်း ပါးပါးလှီးပါ
- ကြက်သွန်ဖြူ ၁ မွှာ ပါးပါးလှီးပါ
- ငရုတ်သီးအနီ တစ်တောင့် ပါးပါးလှီးပါ
- ဆီ
- ပင်စိမ်းရွက် လက်တစ်စုပ်စာ
- ဆား
ပြုလုပ်နည်း
အရင်ဆုံး ကြက်သားကို ပါးပါးလှီးပြီး ငါးငံပြာရည်၊ ပဲငံပြာရည်၊ သံပရာရည်၊ သကြား၊ ကော်မှုန့်တို့နဲ့ နယ်ထားလိုက်ပါ။
တခြားပါဝင်ပစ္စည်းတွေ အသီးအရွက်တွေကို ပြင်ဆင်လိုက်ပါ။
အိုးထဲကို ဆီထည့်လိုက်ပြီး ကြက်သားထည့်ကြော်ပါ။ ရပြီဆိုရင်တော့ ခဏဆယ်ထားလိုက်ပြီး ဆီနည်းနည်းထပ်ထည့်ကာ တခြားအသီးအရွက်တွေကို ထည့်ကြော်ပါ။ ဆားထည့်ပါ။
အဲဒီနောက် ကြက်သားနဲ့ ပင်စိမ်းရွက် ထည့်လိုက်ပါ။ အပေ့ါအငံ မြည်းကြည့်ပါ။
အနေတော်ပဲဆိုရင် သုံးဆောင်နိုင်ပါပြီနော်။
Source: www.thewokoflife.com
By: MyFood Myanmar