အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ပြုလုပ်ရလွယ်ကူပြီး အရသာရှိတဲ့ကြက်ပင်စိမ်းကြော် ကြော်နည်းလေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ကြက် (ရင်အုံသား) ၁ ခု
  • ငါးငံပြာရည်စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သံပယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ကော်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရွှေဖရုံသီးအသေး ၁ လုံး (ပါးပါးလှီးပါ)
  • မုန်လာဥနီ ၁ လုံး ပါးပါးလှီးပါ
  • ကြက်သွန်မြိတ် ၁ ပင် ပါးပါးလှီးပါ
  • ကြက်သွန်နီ အသေး တစ်ခြမ်း ပါးပါးလှီးပါ

  • ကြက်သွန်ဖြူ ၁ မွှာ ပါးပါးလှီးပါ
  • ငရုတ်သီးအနီ တစ်တောင့် ပါးပါးလှီးပါ
  • ဆီ
  • ပင်စိမ်းရွက် လက်တစ်စုပ်စာ
  • ဆား

ပြုလုပ်နည်း

အရင်ဆုံး ကြက်သားကို ပါးပါးလှီးပြီး ငါးငံပြာရည်၊ ပဲငံပြာရည်၊ သံပရာရည်၊ သကြား၊ ကော်မှုန့်တို့နဲ့ နယ်ထားလိုက်ပါ။

`

တခြားပါဝင်ပစ္စည်းတွေ အသီးအရွက်တွေကို ပြင်ဆင်လိုက်ပါ။

အိုးထဲကို ဆီထည့်လိုက်ပြီး ကြက်သားထည့်ကြော်ပါ။ ရပြီဆိုရင်တော့ ခဏဆယ်ထားလိုက်ပြီး ဆီနည်းနည်းထပ်ထည့်ကာ တခြားအသီးအရွက်တွေကို ထည့်ကြော်ပါ။ ဆားထည့်ပါ။

အဲဒီနောက် ကြက်သားနဲ့ ပင်စိမ်းရွက် ထည့်လိုက်ပါ။ အပေ့ါအငံ မြည်းကြည့်ပါ။

အနေတော်ပဲဆိုရင် သုံးဆောင်နိုင်ပါပြီနော်။

Source: www.thewokoflife.com

By: MyFood Myanmar