အာဟာအုပ်စုများကို မျှတစွာစားသုံးချင်ပေမယ့် ဟင်းသီးဟင်းရွက်သပ်သပ်၊ အသားဟင်းသပ်သပ် ချက်မစားချင်သူများအတွက် ဒီတစ်ခါမှာတော့ ကြက်သား ပဲပင်ပေါက်မွှေကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် (သို့) ကြက်ရင်အုံ ၈ အောင်စ
  • ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ပဲပင်ပေါက် ၁ ပေါင်
  • ကြက်သွန်မြိတ် ၄ ပင် (ဖြူသောအစိတ်အပိုင်းနှင့် စိမ်းသောအစိတ်အပိုင်းတို့ကို သပ်သပ်စီခွဲကာ ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • မှို ၅ ပွင့် (ပါးပါးလှီးထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့်နှင့် ဆား အနည်းငယ်
  • နှမ်းဆီအနည်းငယ်
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ( ရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်းဖြင့် ရောနှောထားလိုက်ပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို ရေ စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် ရောနှောထားလိုက်ပါ။ ကြက်သားက ရေကို စုပ်ယူပြီးသွားတဲ့အချိန်လောက်ကျမှ ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်၊ ပြောင်းမှုန့်တို့ဖြင့် သမအောင် ရောနယ်ထားလိုက်ပါ။ ထို့နောက် မိနစ် ၂၀ ခန့် သိပ်ထားလိုက်ပါ။

၂။ ပဲပင်ပေါက်ကို ရေဖြင့် စင်ကြယ်အောင်ဆေးကြောထားလိုက်ပါ။ ထို့နောက် ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သားထည့်ကာ တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲ ပြောင်းထည့်ထားလိုက်ပါ။

၃။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထပ်ထည့်ပါ။ ဆီပူလာပါက မှိုနှင့် ကြက်သွန်မြိတ် (ဖြူသောအစိတ်အပိုင်းသာ)တို့ကို ၁၀ စက္ကန့်ခန့် မွှေကြော်ပါ။ ကြက်သွန်ဖြူထည့်ပြီးနောက် ပဲပင်ပေါက်ထည့်ကာ မွှေကြော်ပေးလိုက်ပါ။ ထို့နောက် ဟင်းချက်ဝိုင်၊ ခရုဆီ၊ ဆား၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။

၄။ ပြီးရင်တော့ ကြက်သားကို အိုးထဲပြန်ထည့်ကာ ၁၀ စက္ကန့်ခန့် ကြော်ပေးရပါမယ်။ ထို့နောက် ရေရောထားသော ပြောင်းမှုန့်အနှစ်ကို ဒယ်အိုးထဲထည့်ကာ သမအောင် မွှေကြော်ပြီးနောက် နောက်ထပ် ၁၅ စက္ကန့်ခန့် ကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ကြက်သား ပဲပင်ပေါက်မွှေကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Thewoksoflife.com