ပရိုတင်းဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ကြက်သားကို ခရမ်းသီးပေါင်းနဲ့ တွဲဖက်ပြီး အရသာရှိအောင် ဘယ်လိုသုပ်စားကြမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ တစ်ဆင့် အတူတူလေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

• ကြက်ရင်အုံသား တစ်တုံး
• ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
• ကြက်သွန်မြိတ် တစ်ပင် (ပါးပါးလှီးထားပါ)
• ငရုတ်သီး ၂ တောင့် (ပါးပါးလှီးထားပါ)
• ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်း

• ခရမ်းသီး တစ်လုံး (အခွံခွာထားပြီး ခပ်ရှည်ရှည် လှီးဖြတ်ထားပါ)
• နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်း
• ဆားနှင့် သကြား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံစီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ရင်အုံသားကို အလယ်တည့်တည့်မှ ထက်ခြမ်းခြမ်းလိုက်ပါ။

၂။ အိုးတစ်လုံးထဲသို့ ရေထည့်ပြီး ဆူပွက်လာအောင်တည်လိုက်ပါ။ ဆူပွက်လာပါက ကြက်သားထည့်ပြုတ်လိုက်ပါ။ အိုးအဖုံးဖွင့်ပြီး မိနစ်အနည်းငယ်လောက် ဆက်တည်ထားပါ။

၃။ ထို့နောက် ကြက်သားကို အိုးထဲမှ ဆယ်ယူပြီးနောက် အအေးခံကာ ကြက်သားများကို နွှင်လိုက်ပါ။ ရေခဲသေတ္တာထဲတွင် မိနစ် ၂၀ ခန့် အအေးခံထားလိုက်ပါ။

၄။ ကြက်သားများကို အအေးခံေနေချိန်မှာ ခရမ်းသီးများကို ၈ မိနစ်ခန့် ပေါင်းအိုးဖြင့် ပေါင်းပေးလိုက်ပါ။ ခရမ်းသီးများ နူးအိသွားပါက ခရမ်းသီးပေါ်တွင် ဆားဖြူးပေးလိုက်ပါ။

၅။ ထို့နောက် ကြက်သားကို ခရမ်းသီးဖြင့် ရောနှောလိုက်ပါ။ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ဆားနှင့် သကြားတို့ထည့်ပြီး သမအောင် ရောနယ်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိပြီး အာဟာရဓာတ်ပြည့်ဝစွာပါဝင်တဲ့ ကြက်သား ခရမ်းသီးသုပ်ဟင်းလျာလေး ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Spicetheplate.com