အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ရုံးပတီသီးနဲ့ ရောချက်ထားတဲ့ ကြက်သားဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သား ၈၀၀ ဂရမ်
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှိးထားပါ)
  • နံနံပင် အနည်းငယ်

  • ခရမ်းချဉ်သီး ၃ လုံး (ပါးပါးလှီးထားပါ)
  • မဆလာ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၃၂ ဇွန်း
  • ရုံးပတီသီး ၃၀၀ ဂရမ်

  • ငရုတ်ပွအနီနှင့် အစိမ်း ပန်းကန်လုံး ၁ လုံးစာ (ပါးပါးလှီးထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ ထို့နောက် ကြက်သားတုံးများထည့်ကာ ၆ မိနစ်ခန့် ကြော်ပါ။ ပြီးရင်တော့ ပန်းကန်လုံးထဲ ပြောင်းထည့်ထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ကျန်ရှိနေသော သံလွင်ဆီများထည့်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နံနံပင်တို့ထည့်ကာ ၈ မိနစ်ခန့် မွှေပါ။

၃။ ထို့နောက် အပူချိန်ကို မြင့်လိုက်ပြီး ခရမ်းချဉ်သီး၊ မဆလာ၊ ငရုတ်သီးမှုန့်နှင့် ငရုတ်ပွတို့ထည့်ကာ ၈ မိနစ်ခန့် မွှေပါ။

၄။ ထို့နောက် ကြက်သားနှင့် ကြက်ပြုတ်ရည်တို့ထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အဖုံးအုပ်ကာ ၁၅ မိနစ်ခန့် ဆူပွက်လာအောင် တည်ပါ။

၅။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ရုံးပတီသီးများထည့်ကာ ၁၀ မိနစ်ခန့် ရုံးပတီသီးများ ကျက်သွားသည်အထိ တည်ထားလိုက်ပါ။

ရုံးပတီသီးများ နူးသွားပြီဆိုရင်တော့ အရသာရှိတဲ့ ရုံးပတီသီး ကြက်သားဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Myfavouritepastime.com