အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကြက်သားကြော်ကို ဟင်းသီးဟင်းရွက် စုံစုံလင်လင်နဲ့ သမအောင် ရောကြော်ပြီး အရသာရှိတဲ့ ဟင်းလျာတစ်ခွက် ပြင်ဆင်ချက်ပြုတ်နိုင်ဖို့အတွက် ဟင်းရွက်စုံ ကြက်သားကြော် ကြော်နည်းကို ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁၂ အောင်စ (၃၄၀ ဂရမ်၊ ပါးပါးလှီးထားပါ)
  • ရေ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆော့စ်ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၁၀ ဇွန်း
  • သကြားညို လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲနှင့် ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

အသုံးပြုမည့် ဟင်းသီးဟင်းရွက်များ

  • မှို ၄ ပွင့် (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ ၄၅ ဂရမ် (ပါးပါးလှီးထားပါ)
  • နံနံပင် ၈၀ ဂရမ် (ပါးပါးလှီးထားပါ)
  • မုန်ညှင်းရွက် ၁၇၀ ဂရမ် (၂ လက်မအရှည်ခန့် လှီးဖြတ်ထားပါ)
  • ပဲပင်ပေါင် ၈၅ ဂရမ်

  • ရွှေပဲသီး ၈၅ ဂရမ်
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ (ရေ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် ရောနှောထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို ပန်းကန်လုံးထဲထည့်ပြီးနောက် ရေ၊ ခရုဆီ၊ ဟင်းချက်ဝိုင်တို့ဖြင့် သမအောင် နယ်ထားပါ။ ထို့နောက် ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ထည့်ကာ သမအောင် နယ်ထားလိုက်ပါ။

ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများအားလုံးကို သမအောင် ရောမွှေထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သားထည့်ပြီး ကြက်သားက ရွှေညိုရောင် ပြောင်းလာသည်အထိ မွှေကြော်လိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲ ဆယ်ထည့်ထားပါ။

၃။ ဒယ်အိုးထဲသို့ ဆိ စားပွဲတင်ဇွန်း ၁ ဇွန်း ထပ်ထည့်ပါ။ ကြက်သွန်ဖြူ ထည့်ပြီး ဆီသတ်ပါ။ ထို့နောက် မှို၊ မုန်လာဥနီနှင့် နံနံပင်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၄။ စက္ကန့် (၂၀) ခန့် မွှေကြော်ပြီးပါက မုန်ညှင်းရွက်ထည့်ပါ။ ဟင်းချက်ဝိုင် ထည့်ပါ။ ထို့နောက် အဆင့် (၁) က ပြုလုပ်ထားသော ဆော့စ်များကို လောင်းထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ထားပါ။

၅။ ပွက်ပွက်ဆူလာပါက ပဲပင်ပေါက်နှင့် ရွှေပဲသီး၊ ကြက်သားကြော်တို့ထည့်ပါ။ သမအောင် မွှေကြော်ပြီးတဲ့နောက်မှာတော့ ပြောင်းမှုန့်ရေလေး လောင်းထည့်လိုက်ပါ။

၆။ ပြောင်းမှုန့်ရေလေး ပျစ်သွားသည်အထိ မွှေကြော်ပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်ချပြီး ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဟင်းရွက်စုံ ကြက်သားရောကြော် ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Thewoksoflife.com