အားလုံးပဲ မဂ်လာပါ။ ဒီတစ်ခါမှာတော့ အာလူးကြော်ချစ်သူများအတွက် ပြင်ဆင်ချိန်နဲ့ ချက်ပြုတ်ချိန် စုစုပေါင်း နာရီဝက်ခန့်အချိန်ပေးရုံနဲ့ အရသာရှိတဲ့ အာလူးကြွပ်ကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၃ လုံး (အခွံခွာထားပါ)
  • ထောပတ်နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၁၆ ဇွန်း

  • ကြက်သွန်နီမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ထောပတ်နွားနို့၊ ကြက်သွန်ဖြူ၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်တို့ကို သမအောင် ရောမွှေလိုက်ပါ။

၂။ အာလူးများကို မထူမပါးခန့် လှီးဖြတ်ပြီးနောက် ထောပတ်နွားနို့ထဲထည့်ကာ သမအောင် နယ်ပါ။ ၁၅ မိနစ်ခန့် နှပ်ထားပါ။

၃။ အခြားပန်းကန်ပြားထဲတွင် ဂျုံမှုန့်၊ ကြက်သွန်နီမှုန့်၊ ငရုတ်သီးမှုန့်၊ ကျန်ရှိနေသော ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို သမအောင် ရောမွှေထားပါ။ ထို့နောက် ထောပတ်နွားနို့အရောအနှော စားပွဲတင်ဇွန်း ၈ ဇွန်းခန့်ကို ဂျုံမှုန့်ပန်းကန်ထဲသို့ထည့်က သမအောင် မွှေပါ။

၄။ ထို့နောက် အာလူးများကို ဂျုံျွှုန့်ဖြင့် ကပ်လိုက်ပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက အာလူးများထည့်ကာ ၆ မိနစ်မှ ၈ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၆။ အာလူးများ ရွှေညိုရောင် ပြောင်းသွားပါက စင်တစ်ခုပေါ် တင်ထားကာ ဆီစစ်ထားပါ။ ပြီးမှ ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အာလူးကြွပ်ကြော်လေးများ ရရှိသွားပါပြီ။

မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါပြီ။

Source: Spoonforkbacon.com