အားလုံးပဲ မင်္ဂလာပါ။ မနက်ခင်းလေးမှာ ထမင်းကြော်ကို မနက်စာအဖြစ် စားသုံးလေ့ရှိကြသူများအတွက် ဒီတစ်ခါမှာတော့ လွယ်ကူရိုးရှင်းတဲ့ ကြက်သားထမင်းကြော် ကြော်နည်းကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်း ပန်းကန်လုံး ၂ လုံးစာ
  • ကြက်ပေါင် (သို့) ကြက်ရင်အုံသား ဝ.၅ ပေါင်
  • သခွားသီး ၁ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • မုန်လာဥနီ တစ်ဝက် (လေးထောင့်အတုံးငယ် တုံးထားပါ)

  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို အရိုးများနွှင်ထားပြီး ၂ စင်တီမီတာပတ်လည်း အတုံး ခပ်သေးသေးတုံးထားပါ။ ထို့နောက် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် ရောနယ်ထားလိုက်ပါ။ ထို့နောက် ၁၀ မိနစ်ခန့် သိပ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ကာ ၁ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ မုန်လာဥနီနှင့် သခွားသီးတို့ထည့်ကာ နောက်ထပ် ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ မုန်လာဥနီတို့ နူးအိသွားပြီဆိုရင်တော့ ထမင်းထည့်ပါ။ ပဲငံပြာရည်အကြည်၊ ငရုတ်ကောင်းမှုန့်နှင့် ဆားတို့ထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ ကြက်သွန်မြိတ်ဖြူးထည့်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com