အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အရသာရှိတဲ့ အာလူးထောင်း ကြက်သားပြားကြော်လေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သားပြား ၃ ပြား
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၂၄ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ကြက်သွန်နီမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ထောပတ်နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း

  • ကြက်ဥ ၂ လုံး
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • နွားနို့ စားပွဲတင်ဇွန်း ၃၂ ဇွန်း၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ဂျုံမှုန့်နှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို သမအောင် ရောမွှေထားပါ။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ကြက်သွန်နီမှုန့်၊ ငရုတ်သီးမှုန့်၊ မုန့်ဖုတ်ဆိုဒါ၊ မုန့်ဖုတ်ပေါင်ဒါ၊ ထောပတ်နွားနို့နှင့် ကြက်ဥတို့ကို သမအောင် မွှေခလေက်ထားပါ။

၂။ ကြက်သားပြား တစ်ပြားချင်းစီကို ဂျုံမှုန့်ဖြင့် ကပ်ပါ။ ထို့နောက် ထောပတ်နွားနို့အရောအနှောထဲ ထည့်နှစ်ပါ။ ထို့နောက် ဂျုံမှုန့်ဖြင့် ပြန်ကပ်ပေးလိုက်ပါ။

ဂျုံမှုန့်အရောအနှောကို စားပွဲတင်ဇွန်း ၄ ဇွန်းခန့် ဖယ်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ထို့နောက် ကြက်သားပြားများထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ဆော့စ်အနှစ်များ ပြုလုပ်ရပါမယ်။

ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ် ထည့်ပါ။ ထို့နောက် နွားနို့ စားပွဲတင်ဇွန်း ၃၂ ဇွန်း၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရည်များ ပျစ်သွားသည်အထိ တည်ထားလိုက်ပါ။

၅။ ပန်းကန်ပြားတစ်ချပ်ပေါ်တွင် အာလူးထောင်းများ တင်ထားလိုက်ပါ။ အာလူးထောင်းပေါ်တွင် ကြက်သားပြားကြော်များ တင်လိုက်ပါ။ ထို့နောက် စောစောက ကျိုထားသော ဆော့စ်များ ဆမ်းထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အာလူးထောင်း ကြက်သားပြားကြော်လေးများ ရရှိသွားပါပြီ။

Source: Jocooks.com