အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ မျှစ် ကြက်သားရောကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ပေါင် (အနေတော်အတုံး လှီးဖြတ်ထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း (ကြက်သားနှပ်ရန်)
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ ရေ စားပွဲတင်ဇွန်း ၅၊ ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ဆော့စ်ပြုလုပ်ရန်)
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၁ မြွှာ (နုပ်နုပ်စဉ်းထားပါ)

  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • မှိုခြောက် ၄ ပွင့် (ရေနွေးနွေးထဲ စိမ်ထားပြီးနောက် ပါးပါးလှီးထားပါ)
  • မျှစ် ပန်းကန်လုံး ၁ လုံးစာ (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံး ၁ လုံးထဲတွင် ပဲငံပြာရည်၊ ဆန်ဝိုင်နှင့် နှမ်းဆီတို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။ ထို့နောက် ကြက်သားထည့်ကာ သမအောင် ရောနယ်လိုက်ပါ။ ပြီးမှတော့ ပြောင်းမှုန့်ထည့်ကာ သမအောင် ထပ်နယ်ပါ။

ပြီးရင်တော့ ရေခဲသေတ္တာထဲ ထည့်ကာ ၁၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ ဆော့စ်ပြုလုပ်ရန်အတွက် ပန်းကန်လုံး ၁ လုံးထဲတွင် ပြောင်းမှုန့်များထည့်ပါ။ ရေ၊ ပဲငံပြာရည်အနောက်၊ ခရုဆီ၊ သကြားနှင့် နှမ်းဆီတို့ထည့်ကာ သမအောင် ရောမွှေထားလိုကပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မြိတ်တို့ထည့်ကာ ၁ မိနစ်ခန့် ဆီသတ်ပါ။

ရရှိလာတဲ့ ကြက်သွန်ကြော်ကို ပန်းကန်လုံးအသေးထဲ ထည့်ထားလိုက်ပါ။

၄။ ထို့နောက် ဒယ်အိုးထဲသို့ ကြက်သားများထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်လိုက်ပါ။

ကြက်သားများ အညိုရောင် ပြောင်းသွားပါက ပန်းကန်လုံးထဲသို့ ပြောင်းထည့်ထားပါ။

၅။ ကျန်ရှိနေသော ဆီများအားလုံးကို ဒယ်အိုးထဲသို့ လောင်းထည့်လိုက်ပါ။ စောစောက ကြက်သွန်ကြော်များကို ဒယ်အိုးထဲ ပြန်ထည့်ပါ။ မှိုနှင့် မျှစ်တို့ထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။

၆။ ထို့နောက် ကြက်သားကြော်များ ထည့်ပါ။ ထို့နောက် အဆင့် (၂) က ပြုလုပ်ထားသော ဆော့စ်များ လောင်းထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

၁ မိနစ်၊ ၂ မိနစ်ခန့် မွှေကြော်ပြီးတဲ့အခါမှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ မျှစ် ကြက်သားရောကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Thespruceeats.com