ပရိုတင်းဓာတ် ကြွယ်ဝတဲ့ကြက်သားဟင်းကို ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ ခရမ်းသီး၊ ပဲတောင့်ရှည်၊ မုန်ညှင်းတို့ကို အရသာရှိအောင် ဘယ်လိုရောချက်မလဲဆိုတာကို MyFood Myanmar ရဲ့အိမ်ရှင်မ စားဖိုမှူးတို့အတွက် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၂ ပေါင်ခွဲ
  • မြေပဲထောပတ် စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • မုန်ညှင်းရွက် ၁ စည်း
  • ခရမ်းသီး ၁ တောင့် (ပါးပါးလှီးထားပါ)
  • ပဲတောင့်ရှည် ၁၀ တောင့် (၂ လက်မအရှည် လှီးဖြတ်ထားပါ)

  • ကြက်သွန်နီ ၁ ခြမ်း (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၅ မြွှာ (ဓားပြားရိုက်ထားပါ)
  • ပဲပိစပ်အနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၃၂ ဇွန်း
  • ပြောင်းမှုန့်အရည် (ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၄ ဇွန်းဖြင့် ရောနှောထားပါ)

  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ။

၂။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ထည်ကာ ဆီသတ်ပါ။

၃။ ထို့နောက် ကြက်သားတုံးများထည့်ကာ တစ်ဖက်ခြမ်းစီကို ၁ မိနစ်၊ ၁ မိနစ်ခွဲခန့် ကြော်ပါ။

၄။ ကြက်သားများ ရွှေညိုရောင်ပြောင်းသွားတဲ့အခါ ကြက်ပြုတ်ရည်ထည့်ပြီး ဆူပွက်လာအောင် တည်ပါ။

၅။ ပဲပိစ်အနှစ်လေးထည့်ကာ အိုးအဖုံးအုပ်ပြီး မီးအေးအေးဖြင့် မိနစ် ၃၀ ခန့် တည်ထားပါ။

၆။ မိနစ် ၃၀ ပြည့်ပါက မြေပဲထောပတ်ထည့်ပါ။ မြေပဲထောပတ်က ဟင်းရည်ထဲ ပျော်ဝင်သွားပါက ပြောင်းမှုန့်အရည် ထည့်ပါ။

၇။ ပြောင်းမှုန့်အရည်က ပျစ်ပျစ်လေးဖြစ်သွားပါက ခရမ်းသီးနှင့် ပဲတောင့်ရှည် ထည့်ပါ။ အိုးအဖုံးအုပ်ပြီး ၅ မိနစ်ခန့် တည်ပါ။ ငါးမိနစ်ပြည့်ပါက မုန်ညှင်းထည့်ပြီး နောက်ထပ် ၃ မိနစ်ခန့် တည်ပါ။

အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာ အပေါ့အငန်မြည်းစမ်းကြည့်လိုက်ပါ။

အရသာအစပ်အဟပ် တည့်သွားပြီဆိုရင်တော့ အရသာရှယ်ကောင်းတဲ့ ခရမ်းသီး ပဲတောင့်ရှည် မုန်ညှင်း ကြက်သားဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။

Source: Panlasangpinoy.com