အားလုံးပဲ မင်္ဂလာပါ။ အစားအစာ ချက်ပြုတ်တဲ့အခါ အရသာရှိရုံတစ်ခုတည်း အာရုံထားပြီး ချက်လို့မရပါဘူး။ သန့်သန့်ရှင်းရှင်း ချက်ပြုတ်ပြင်ဆင်ရမှာဖြစ်သလို ချက်ပြုတ်ပြီးသွားတဲ့အခါမှာလည်း စားချင်စဖွယ်လေးဖြစ်အောင် လှလှပပ အလှဆင်တတ်ဖို့လည်း လိုပါတယ်။

ဒီတစ်ခါမှာ ပြောပြပေးချင်တဲ့ ဟင်းလျာလေးကတော့ ငရုတ်ပွအသုံးပြုရင်း ဟင်းလျာလေးကို အလှဆင်မှာပဲဖြစ်ပါတယ်။ ငရုတ်ပွထဲက အစာသွပ်ကတော့ ချိစ် ကြက်သားကြော်ပဲဖြစ်ပါတယ်။ ဘယ်လို ပြင်ဆင်ချက်ပြုတ်မလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

Source: Shutterstock

  • ကြက်သားကြော် ၁၂ အောင်စ (ကြက်သားကြော်ကို အတုံးသေးသေးလေး နွှင်ထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ချိစ် အနည်းငယ်
  • နံနံပင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

Source: Shutterstock

  • ငရုတ်ပွ ၄ တောင့်
  • ကြက်ပြုတ်ရည် ၁၁၈ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို အပူချိန် ၄၀၀ ဒီဂရီဖြင့် ကြိုတင် အပူပေးထားပါ။ ပန်းကန်လုံး အကြီးတစ်လုံးထဲတွင် ချိစ်အနည်းငယ်၊ နံနံပင်၊ ဆားနှင့် ငရုတ်ကောင်းတို့ ရောထည့်ပြီး သမအောင် မွှေထားလိုက်ပါ။ ရရှိလာတဲ့ ချိစ် အရောအနှောထဲသို့ ကြက်သားထည့်ပြီး ထည့်မွှေပေးရပါမယ်။

၂။ ငရုတ်ပွလေးတောင့်ကို ထက်ခြမ်းခြမ်းပြီး အစေ့များ ဖယ်ထုတ်လိုက်ပါ။ ထိုငရုတ်ပွထဲသို့ ကြက်သားများ အညီအမျှ ခွဲထည့်လိုက်ပါ။ ထို့နောက် ကြက်သားအစာသွပ် ငရုတ်ပွများကို Oven ထဲ ထည့်မယ့် လင်ဗန်းပေါ်တင်ပြီး Oven ထဲ ထည့်လိုက်ပါ။

၃။ ကြက်ပြုတ်ရည်များကို လင်ဗန်းပေါ် လောင်းထည့်ပြီးနောက် လင်ဗန်းကို ခဲဖတ်လေးနဲ့ အုပ်ထားပြီး Oven ထဲမှာ ၅၅ မိနစ်မှ ၁ နာရီကြာ ထည့်ထားလိုက်ပါ။

၄။ အချိန်ပြည့်ပါက အုပ်ထားတဲ့ ခဲဖတ်ခွာလိုက်ပြီး လင်ဗန်းပွင့်လျက်သားလေး ၂ မိနစ်ခန့် Oven ထဲ ပြန်ထည့်ထားလိုက်ပါ။

ဒါဆိုရင်တော့ ပြီးပြည့်စုံတဲ့ အရသာပိုင်ဆိုင်ထားတဲ့ ချိစ် ကြက်သားအစာသွပ် ငရုတ်ပွဟင်းလျာလေး ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: delish.com