အားလုံးပဲ မင်္ဂလာပါ။ အာလူး ကြက်သားသုပ် သုပ်စားချင်သူများအတွက် ချိစ်၊ Mayonnaise တို့နဲ့ သုပ်ထားတဲ့ အာလူး ကြက်သားသုပ် ဆိမ့်ဆိမ့်လေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်အုံသား ၈ ပေါင် (အရိုး နွှင်ထားပါ)
- Mayonnaise စားပွဲတင်ဇွန်း ၂၀ ဇွန်း
- အာလူး ၄ လုံး
- မုန်လာဥနီ ၁ တောင့်
- ပဲလုံးစိမ်း အနည်းငယ်
- ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- Cheddar ချိစ် အနည်းငယ် (အချောင်းလိုက် လှီးဖြတ်ထားပါ)
- သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
- ဆား အနည်းငယ် နှင့် အာလူးပြုတ်ရန် ရေ အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အိုးတစ်လုံးထဲသို့ ရေထည့်ပြီး အာလူးများ ထည့်ကာ ၅ မိနစ်ခန့် ပြုတ်ပါ။
၂။ (၅) မိနစ်ပြည့်ပါက မုန်လာဥနီထည့်ပြီး ၁၀ မိနစ်ခန့် ထပ်ပြုတ်ပါ။ ထို့နောက် အာလူးနှင့် မုန်လာဥနီတို့ကို အိုးထဲမှ ဆယ်ယူကာ အအေးခံထားလိုက်ပါ။
၃။ ထိုရေနွေးပူထဲသို့ပင် ပဲလုံးစိမ်းများထည့်ကာ ၁ မိနစ်ခန့်ပြုတ်ပါ။ ထို့နောက် ပဲလုံးစိမ်းများကို ဆယ်ယူလိုက်ပါ။
၄။ တစ်ဖန် ထိုရေနွေးပူထဲသို့ပင် ကြက်သား ထည့်ကာ ၁၅ မိနစ်ခန့် ပြုတ်ပါ။ သတ်မှတ်ချိန်ပြည့်ပါက ဆယ်ယူလိုက်ပါ။
၅။ အာလူးကို အခွံခွာပြီးနောက် အာလူး၊ မုန်လာဥနီနှင့် ကြက်သားတို့ကို အရွယ်အစားတူ လေးထောင့်အတုံးငယ် တုံးထားလိုက်ပါ။
၆။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် Mayonnaise ၊ ကြက်သွန်နီအမှုန့်၊ ငရုတ်ကောင်းမှုန့်၊ သကြားနှင့် ဆားတို့ ထည့်ကာ သမအောင် ရောမွှေပါ။ ထိုအရောအနှောထဲသို့ အာလူး၊ မုန်လာဥနီ၊ ပဲလုံးစိမ်းနှင့် ကြက်သားတို့ထည့်ကာ သမအောင် နယ်ပါ။ ချိစ် အနည်းငယ်ထည့်ကာ သမအောင် ထပ်နယ်ပါ။
အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ ရေခဲသေတ္တာထဲတွင် ၁ နာရီခန့် ထည့်ထားလိုက်ပါ။
သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ အာလူး ကြက်သားသုပ်လေး ရရှိသွားပါပြီ။
Source: Panlasangpinoy.com