အားလုံးပဲ မင်္ဂလာပါ။ အာလူး ကြက်သားသုပ် သုပ်စားချင်သူများအတွက် ချိစ်၊ Mayonnaise တို့နဲ့ သုပ်ထားတဲ့ အာလူး ကြက်သားသုပ် ဆိမ့်ဆိမ့်လေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၈ ပေါင် (အရိုး နွှင်ထားပါ)
  • Mayonnaise စားပွဲတင်ဇွန်း ၂၀ ဇွန်း
  • အာလူး ၄ လုံး
  • မုန်လာဥနီ ၁ တောင့်
  • ပဲလုံးစိမ်း အနည်းငယ်

  • ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Cheddar ချိစ် အနည်းငယ် (အချောင်းလိုက် လှီးဖြတ်ထားပါ)
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဆား အနည်းငယ် နှင့် အာလူးပြုတ်ရန် ရေ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲသို့ ရေထည့်ပြီး အာလူးများ ထည့်ကာ ၅ မိနစ်ခန့် ပြုတ်ပါ။

၂။ (၅) မိနစ်ပြည့်ပါက မုန်လာဥနီထည့်ပြီး ၁၀ မိနစ်ခန့် ထပ်ပြုတ်ပါ။ ထို့နောက် အာလူးနှင့် မုန်လာဥနီတို့ကို အိုးထဲမှ ဆယ်ယူကာ အအေးခံထားလိုက်ပါ။

၃။ ထိုရေနွေးပူထဲသို့ပင် ပဲလုံးစိမ်းများထည့်ကာ ၁ မိနစ်ခန့်ပြုတ်ပါ။ ထို့နောက် ပဲလုံးစိမ်းများကို ဆယ်ယူလိုက်ပါ။

၄။ တစ်ဖန် ထိုရေနွေးပူထဲသို့ပင် ကြက်သား ထည့်ကာ ၁၅ မိနစ်ခန့် ပြုတ်ပါ။ သတ်မှတ်ချိန်ပြည့်ပါက ဆယ်ယူလိုက်ပါ။

၅။ အာလူးကို အခွံခွာပြီးနောက် အာလူး၊ မုန်လာဥနီနှင့် ကြက်သားတို့ကို အရွယ်အစားတူ လေးထောင့်အတုံးငယ် တုံးထားလိုက်ပါ။

၆။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် Mayonnaise ၊ ကြက်သွန်နီအမှုန့်၊ ငရုတ်ကောင်းမှုန့်၊ သကြားနှင့် ဆားတို့ ထည့်ကာ သမအောင် ရောမွှေပါ။ ထိုအရောအနှောထဲသို့ အာလူး၊ မုန်လာဥနီ၊ ပဲလုံးစိမ်းနှင့် ကြက်သားတို့ထည့်ကာ သမအောင် နယ်ပါ။ ချိစ် အနည်းငယ်ထည့်ကာ သမအောင် ထပ်နယ်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ ရေခဲသေတ္တာထဲတွင် ၁ နာရီခန့် ထည့်ထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ အာလူး ကြက်သားသုပ်လေး ရရှိသွားပါပြီ။

Source: Panlasangpinoy.com