အာလူး ကြက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဟင်းရည်အဖြစ်ရော အဓိကဟင်းလျာအဖြစ်ပါ စားသုံးနိုင်တဲ့ အာလူး ကြက်သားစတူး ချက်ပြုတ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ပေါင်ခွဲ (အရိုးနှင့် အရေခွံတို့ကို ဖယ်ရှားထားပါ) အနေတော် အတုံး တုံးထားပါ
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • မှို ၈ အောင်စ (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ ၃ လုံး (အခွံခွာပြီး လေးထောင့်အတုံးငယ် တုံးထားပါ)

  • အာလူး ၃ လုံး (အခွံခွာပြီး လေးထောင့် အတုံးငယ် တုံးထားပါ)
  • ရေ ၁ လီတာ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နံနံပင် အနည်းငယ်

  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း (ဂျုံမှုန့်နှင့် ရေတို့ကို သမအောင် ရောမွှေထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ကာ ကြက်သားများ ကျက်သည်အထိ မွှေပေးလိုက်ပါ။

၂။ ထို့နောက် ကြက်သွန်နီထည့်ကာ ကြက်သွန်နီက ပျော့သွားသည်အထိ မွှေပါ။

၃။ ထို့နောက် မှိုထည့်ကာ မိနစ်အနည်းငယ်ခန့် မွှေပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ အာလူး၊ မုန်လာဥနီ၊ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ရေတို့ထည့်ကာ မိနစ် ၃၀ ခန့် မီးအေးအေးဖြင့် တည်ထားလိုက်ပါ။

၅။ မိနစ် ၃၀ ပြည့်ပါက ဂျုံမှုန့်ရည်များ လောင်းထည့်ကာ သမအောင် မွှေပါ။ ထို့နောက် နံနံပင်နှင့် နနွင်းမှုန့် အနည်းငယ် ထည့်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် လိုအပ်ပါက ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ် ထပ်ထည့်ပါ။

မိမိလိုချင်တဲ့ ဟင်းရည်အပျစ်အကျဲအနေအထားထိ ရသွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာလည်းရှိ စားလို့လည်းကောင်းတဲ့ အာလူး ကြက်သားစတူးဟင်း ရရှိသွားပါပြီ။

Source: Cooktoria.com