ဟင်းရွက်စုံ ကြက်သားတောက်တောက်စဉ်းကြော်လေး ကြော်စားကြရအောင်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ပေါင် (အတုံးခပ်သေးသေး တုံးထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပန်းဂေါ်ဖီ တစ်ပွင့်ရဲ့ ၄ ပုံ ၁ ပုံ (အနေတော် လှီးဖြတ်ထားပါ)
  • မုန်လာဥနီ ၁ လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)

  • မှို ၈ အောင်စ
  • ငရုတ်ပွအနီ ၁ ခြမ်း (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)

ဆော့စ် ပြုလုပ်ရန်

  • ကြက်ပြုတ်ရည် ၁၂၅ မီလီလီတာ
  • ရေ ၆၀ မီလီလီတာ
  • ပဲငံပြာရည် ၆၀ မီလီလီတာ
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆန်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံး တစ်လုံးထဲတွင် ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်း ၅ မျိုးစလုံးကို သမအောင် ရောနှောပြီး မွှေပေးလိုက်ပါ။

၂။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ ကြက်သားတုံးများကို ကြော်ပေးလိုက်ပါ။ ကြက်သားတုံးများ အညိုရောင် ပြောင်းသွားပါက ပန်းကန်ထဲ သပ်သပ် ခပ်ထည့်ထားပါ။

၄။ ကျန်ရှိနေတဲ့ဆီကို အိုးထဲထည့်ပြီးနောက် ထောပတ်ပါ ထပ်ထည့်လိုက်ပါ။ ထောပတ်အရည်ပျော်သွားပါက ပန်းဂေါ်ဖီ၊ မှို၊ ငရုတ်ပွနဲ့ မုန်လာဥနီတို့ ထည့်ကြော်ပေးလိုက်ပါ။ ဟင်းရွက်များ နူးသွားသည်အထိ ကြော်ပေးရပါမယ်။

၅။ ထို့နောက် ဒယ်အိုးထဲသို့ ကြက်သား ပြန်ထည့်ကြော်ပါ။ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ပြီး တစ်မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။

၆။ စောစောက ဖျော်ထားသော ဆော့စ်များကို အိုးထဲထည့်ပြီး ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။ ဆော့စ်အရည်များ ပျစ်လာပါက မီးပိတ်လိုက်ပြီး အိုးအပူရှိန်နဲ့ ဆက်တည်ထားပေးလိုက်ပါ။

ထို့နောက် ကြက်သွန်မြိတ်၊ နှမ်းစေ့တို့ထပ်ထည့်ပြီး အလှဆင်ကာ ထမင်းနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: natashaskitchen.com