အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ မုန်ညှင်း ကြက်သားကြော် ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၁၂ အောင်စ
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ဥအကာ ၁ လုံး
  • မုန်ညှင်းရွက် ၁၂ အောင်စ (အနေတော် အရွယ်အစား လှီးဖြတ်ထားပါ)

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာနှင့် ဂျင်း တစ်လက်မပတ်လည် အရွယ်အစား
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရေ (သို့) ကြက်ပြုတ်ရည် ၁၂၅ မီလီလီတာ
  • ခရုဆီ စားပွဲတင်ဇွန်း တစ်ဝက်
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း (ရေ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ရောမွှေထားလိုက်ပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးကို အနေတော် အတုံး တုံးထားပါ။ ထို့နောက် ဆား၊ ငရုတ်ကောင်းမှုန့်၊ ပြောင်းမှုန့်နှင့် ကြက်ဥအကာတို့ဖြင့် သမအောင် ရောနယ်ထားလိုက်ပါ။

၂။ မုန်ညှင်းရွက်ကို ရေဆေးပြီးနောက် အနေတော်အရွယ်အစား လှီးဖြတ်ထားပါ။ ကြက်သွန်ဖြူကို ပါးပါးလှီးပြီးနောက် ဂျင်းကို အချောင်းလိုက် ပါးပါးလှီးဖြတ်ထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ ကြက်သားများကို တစ်မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။ ကြက်သားများ ပန်းသွေးအရောင် ပျောက်သွားတဲ့အခါမှာတော့ ပန်းကန်ထဲသို့ ဆယ်ထည့်ထားလိုက်ပါ။

၄။ ထိုဒယ်အိုးကို မီးအပူချိန် ပြင်းပြင်း ပြန်ပေးပြီးနောက်မှာ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဂျင်း၊ ကြက်သွန်ဖြူတို့ထည့်ကာ ဆီသတ်ပေးလိုက်ပါ။ ဆန်ဝိုင် ထည့်ကာ တစ်မိနစ်ခန့် တည်ထားပါ။ ထို့နောက် ကြက်ပြုတ်ရည် (သို့) ရေထည့်ပါ။ ခရုဆီထည့်ကာ နောက်ထပ် ၂ မိနစ်ခန့် တည်ပေးရပါမယ်။

၅။ ဟင်းရည်က ဆူပွက်လာပြီဆိုရင်တော့ ကြက်သားနှင့် မုန်ညှင်းရွက်တို့ထည့်ပါ။ တစ်မိနစ်၊ နှစ်မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပါ။ မီးဖိုပေါ်က ချခါနီးမှာ နှမ်းဆီအနည်းငယ်ထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မုန်ညှင်း ကြက်သားကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Koreanbapsang.com