အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ပန်းပွင့်စိမ်း၊ မုန်လာဥနီနဲ့ ကြက်သားရောကြော် ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ပေါင် (တစ်လက်မပတ်လည်အတုံး လှီးဖြတ်ထားပါ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပန်းပွင့်စိမ်း ၁ ပွင့် (အနေတော် လှီးဖြတ်ထားပါ)
  • ငရုတ်ပွအနီနှင့် အဝါ တစ်ခြမ်းစီ (တစ်လက်မပတ်လည်အတုံး လှီးဖြတ်ထားပါ)

  • မုန်လာဥနီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)

ဆော့စ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရေအေး စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံး တစ်လုံးထဲတွင် ပြောင်းမှုန့်၊ ရေတို့ ထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် ကြက်ပြုတ်ရည်၊ ပဲငံပြာရည်၊ ပျားရည်၊ နှမ်းဆီနှင့် ငရုတ်သီးမှုန့်တို့ထည့်ကာ သမအောင် ရောမွှေထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ပါ။ ထို့နောက် ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ၃ မိနစ်မှ ၅ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ ထို့နောက် ရရှိလာတဲ့ ကြက်သားကြော်ကို ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်ပါ။

၄။ မီးအပူချိန်ကို လျော့ချပြီးနောက် ကျန်ရှိနေသော ဆီများ လောင်းထည့်လိုက်ပါ။

၅။ ထို့နောက် ပန်းပွင့်စိမ်း၊ ငရုတ်ပွ၊ မုန်လာဥနီတို့ထည့်ကာ ဟင်းရွက်များအားလုံး နူးအိသွားသည်အထိ ကြော်ပေးလိုက်ပါ။ ထို့နောက် ဂျင်းနှင့် ကြက်သွန်ဖြူတို့ထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။

၆။ စောစောက ကြော်ထားသော ကြက်သားကြော်ကို ဒယ်အိုးထဲသို့ ပေါင်းထည့်ပါ။ အဆင့် (၁) က ဖျော်ထားသော ဆော့စ်များကို ကြက်သားနှင့် ဟင်းရွက်ကြော်ပေါ်သို့ ဆမ်းထည့်လိုက်ပါ။

၇။ ဆော့စ်များ ဆူပွက်လာပြီး ပျစ်သွားသည်အထိ တည်ထားလိုက်ပါ။ ပြီးရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သား ပန်းပွင့်စိမ်းရောကြော်ဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။

Source: Momontimeout.com