အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ မှို ကိုက်လန် ကြက်သားရောကြော် ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ပေါင်
  • ကိုက်လန် ၈ အောင်စ
  • မှို ၆ အောင်စ
  • ငရုတ်ပွအနီ ၄ ပုံ ၁ ပုံ
  • ငရုတ်သီးမှုန့် အနည်းငယ်

  • နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ဆန်ဝိုင်၊ သကြား၊ ကြက်သွန်ဖြူ၊ ဂျင်း၊ နှမ်းဆီနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၂။ ကြက်သားတုံးများကို အနေတော်အတုံး တုံးထားလိုက်ပါ။

၃။ ထို့နောက် စောစောက ပဲငံပြာရည်ဆော့စ်တို့ဖြင့် သမအောင် နယ်ကာ နှပ်ထားလိုက်ပါ။

၄။ ကိုက်လန်ကို အရွက်များ ခြွေထားလိုက်ပါ။ မှိုကိုလည်း ရေဆေးပြီးနောက် ပါးပါးလှီးထားပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သားထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်လိုက်ပါ။

၆။ ထို့နောက် ကိုက်လန်နှင့် မှို၊ ငရုတ်ပွတို့ထည့်ပါ။ ပဲငံပြာရည်ဆော့စ် လက်ကျန်အနည်းငယ်ကို ကုန်စင်အောင် လောင်းထည့်လိုက်ပါ။ ငရုတ်သီးမှုန့် ဖြူးထည့်ကာ ၃ မိနစ်ခန့် ကြော်လိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ မှို ကိုက်လန်ကြက်သားကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Koreanbapsang.com