အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ပိန်းဥ၊ ကန်စွန်းဥနဲ့ ပန်းဂေါ်ဖီစိမ်းတို့ စုံလင်စွာပါဝင်တဲ့ ကြက်သားစွပ်ပြုတ် ဟင်းလျာလေးပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- မြေပဲဆီ (သို့) ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်ပေါင် ၄၅၀ ဂရမ် (အနေတော်အတုံး တုံးထားပါ)
- ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
- ဆန်ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ရေ ၁ လီတာ
- ကန်စွန်းဥ ၈ အောင်စနှင့် ပိန်းဥ ၈ အောင်စ (အခွံခွာပြီး လေးထောင့်အတုံးငယ် တုံးထားပါ)
- ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆားအနည်းငယ်
- ပန်းဂေါ်ဖီစိမ်း တစ်ဝက် (အနေတော်အတုံး လှီးဖြတ်ထားပါ)
- ကြက်ပြုတ်ရည် ၃၄၀ ဂရမ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားထည့်ပြီး ၁ မိနစ်ခန့် တည်ပေးလိုက်ပါ။ ထို့နောက် ကြက်သားတုံးကို တစ်ဖက်လှန်ကာ နောက်ထပ် ၁ မိနစ် ကြော်ပေးရပါမယ်။
၂။ ဂျင်းထည့်ပြီးနောက် အနံ့မွှေးလာသည်အထိ မွှေပေးလိုက်ပါ။
၃။ ဆန်ရှာလကာရည်ထည့်ပြီးနောက် အိုးမတူးဖို့ရန်အတွက် မကြာခဏ မွှေပေးလိုက်ပါ။
၄။ ထို့နောက် ရေ၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပဲငံပြာရည်နှင့် ဆားတို့ထည့်ကာ အဖုံးပိတ်ပြီး ၁၅ မိနစ်ခန့် ဆူအောင်တည်ထားလိုက်ပါ။
၅။ ပိန်းဥနှင့် ကန်စွန်းဥတို့ နူးအိသွားပါက ပန်းဂေါ်ဖီစမ်းထည့်ပြီး ၁ မိနစ်ခန့် တည်ပေးလိုက်ပါ။
၆။ ကြက်ပြုတ်ရည်ထည့်ပြီးနောက် နောက်ထပ် ၂ မိနစ်ခန့် ထပ်တည်ပေးလိုက်ပါ။
ကြက်ပြုတ်ရည်က ပျစ်သွားပြီဆိုရင်တော့ အရသာရှိတဲ့ ပိန်းဥ ကြက်သားစွပ်ပြုတ်လေး ရရှိသွားပါပြီ။
ထမင်းနဲ့ အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။
Source: Omnivorescookbook.com