အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ပိန်းဥ၊ ကန်စွန်းဥနဲ့ ပန်းဂေါ်ဖီစိမ်းတို့ စုံလင်စွာပါဝင်တဲ့ ကြက်သားစွပ်ပြုတ် ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မြေပဲဆီ (သို့) ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ပေါင် ၄၅၀ ဂရမ် (အနေတော်အတုံး တုံးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆန်ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရေ ၁ လီတာ

  • ကန်စွန်းဥ ၈ အောင်စနှင့် ပိန်းဥ ၈ အောင်စ (အခွံခွာပြီး လေးထောင့်အတုံးငယ် တုံးထားပါ)
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်
  • ပန်းဂေါ်ဖီစိမ်း တစ်ဝက် (အနေတော်အတုံး လှီးဖြတ်ထားပါ)
  • ကြက်ပြုတ်ရည် ၃၄၀ ဂရမ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားထည့်ပြီး ၁ မိနစ်ခန့် တည်ပေးလိုက်ပါ။ ထို့နောက် ကြက်သားတုံးကို တစ်ဖက်လှန်ကာ နောက်ထပ် ၁ မိနစ် ကြော်ပေးရပါမယ်။

၂။ ဂျင်းထည့်ပြီးနောက် အနံ့မွှေးလာသည်အထိ မွှေပေးလိုက်ပါ။

၃။ ဆန်ရှာလကာရည်ထည့်ပြီးနောက် အိုးမတူးဖို့ရန်အတွက် မကြာခဏ မွှေပေးလိုက်ပါ။

၄။ ထို့နောက် ရေ၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပဲငံပြာရည်နှင့် ဆားတို့ထည့်ကာ အဖုံးပိတ်ပြီး ၁၅ မိနစ်ခန့် ဆူအောင်တည်ထားလိုက်ပါ။

၅။ ပိန်းဥနှင့် ကန်စွန်းဥတို့ နူးအိသွားပါက ပန်းဂေါ်ဖီစမ်းထည့်ပြီး ၁ မိနစ်ခန့် တည်ပေးလိုက်ပါ။

၆။ ကြက်ပြုတ်ရည်ထည့်ပြီးနောက် နောက်ထပ် ၂ မိနစ်ခန့် ထပ်တည်ပေးလိုက်ပါ။

ကြက်ပြုတ်ရည်က ပျစ်သွားပြီဆိုရင်တော့ အရသာရှိတဲ့ ပိန်းဥ ကြက်သားစွပ်ပြုတ်လေး ရရှိသွားပါပြီ။

ထမင်းနဲ့ အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Omnivorescookbook.com