(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာရှိတဲ့ ကြက်သား ကညွှတ်ကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကညွှတ် တစ်စည်း (အနေတော် အရှည်လှီးဖြတ်ထားပါ)
- မှို ၂ ပွင့်၊ ၃ ပွင့် ခန့် (ပါးပါးလှီးထားပါ)
- ငရုတ်ပွအနီ တစ်တောင့် (ပါးပါးလှီးထားပါ)
- ဆီ စားပွဲတင်ဇွန်း တစ်ဝက်
- ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်သား ဝ.၅ ပေါင် (အနေတော် အတုံး လှီးထားပါ)
- ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
အချဉ်ဆော့ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ
- ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ကြက်သားတုံးများကို ဆီ၊ ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အနှောက်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ဖတ်ထားလိုက်ပါ။ ထို့နောက် ၁၀ မိနစ်ခန့် နှပ်ထားလိုက်ပါ။
၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားပါ။ ဆီပူလာပါက ကြက်သားများကို ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၃။ ကြက်သားတုံးများ ရွှေညိုရောင်ပြောင်းသွားပါက ကညွှတ်များကို ၂ မိနစ်ခန့် ထည့်ကြော်ပေးရပါမယ်။ ထို့နောက် ငရုတ်ပွအနီများ ထည့်ကြော်ပေးလိုက်ပါ။
၄။ ခရုဆီ၊ ပဲငံပြာရည်၊ ရေနှင့် သကြားတို့ကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။ ပြီးရင်တော့ ကြက်သားဒယ်အိုးထဲ လောင်းထည့်ပြီး သမအောင် ရောကြော်ပေးလိုက်ပါ။
အရသာအပေါ့အငန်မြည်းစမ်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ကြက်သား ကညွှတ်ကြော်ဟင်းလျာလေး ရရှိသွားပါပြီ။
Source: Spicetheplate.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာေတာ့ အရသာရွိတဲ့ ၾကက္သား ကညႊတ္ေၾကာ္ ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ကညႊတ္ တစ္စည္း (အေနေတာ္ အရွည္လွီးျဖတ္ထားပါ)
- မႈိ ၂ ပြင့္၊ ၃ ပြင့္ ခန္႔ (ပါးပါးလွီးထားပါ)
- ငရုတ္ပြအနီ တစ္ေတာင့္ (ပါးပါးလွီးထားပါ)
- ဆီ စားပြဲတင္ဇြန္း တစ္ဝက္
- ဟင္းခ်က္ဝိုင္ စားပြဲတင္ဇြန္း ၁ ဇြန္း
- ၾကက္သား ၀.၅ ေပါင္ (အေနေတာ္ အတံုး လွီးထားပါ)
- ပဲငံျပာရည္အေႏွာက္ လက္ဖက္ရည္ဇြန္း တစ္ဝက္
- ဆားႏွင့္ ငရုတ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဝက္
အခ်ဥ္ေဆာ့ျပဳလုပ္ရန္ လိုအပ္ေသာ ပါဝင္ပစၥည္းမ်ား
- ခရုဆီ စားပြဲတင္ဇြန္း ၁ ဇြန္း
- ပဲငံျပာရည္ စားပြဲတင္ဇြန္း ၁ ဇြန္း
- ေရ စားပြဲတင္ဇြန္း ၁ ဇြန္း
- သၾကား လက္ဖက္ရည္ဇြန္း ၄ ပံု ၁ ပံု
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ၾကက္သားတံုးမ်ားကို ဆီ၊ ဟင္းခ်က္ဝိုင္၊ ပဲငံျပာရည္အေႏွာက္၊ ဆားႏွင့္ ငရုတ္ေကာင္းမႈန္႔တို႔ျဖင့္ သမေအာင္ နယ္ဖတ္ထားလိုက္ပါ။ ထို႔ေနာက္ ၁၀ မိနစ္ခန္႔ ႏွပ္ထားလိုက္ပါ။
၂။ ဒယ္အိုးကို အပူေပးၿပီး ဆီထည့္ထားပါ။ ဆီပူလာပါက ၾကက္သားမ်ားကို ၃ မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။
၃။ ၾကက္သားတံုးမ်ား ေရႊညိဳေရာင္ေျပာင္းသြားပါက ကညႊတ္မ်ားကို ၂ မိနစ္ခန္႔ ထည့္ေၾကာ္ေပးရပါမယ္။ ထို႔ေနာက္ ငရုတ္ပြအနီမ်ား ထည့္ေၾကာ္ေပးလိုက္ပါ။
၄။ ခရုဆီ၊ ပဲငံျပာရည္၊ ေရႏွင့္ သၾကားတို႔ကို ပန္းကန္လံုးတစ္လံုးထဲထည့္ၿပီး သမေအာင္ ေရာေမႊေပးလိုက္ပါ။ ၿပီးရင္ေတာ့ ၾကက္သားဒယ္အိုးထဲ ေလာင္းထည့္ၿပီး သမေအာင္ ေရာေၾကာ္ေပးလိုက္ပါ။
အရသာအေပါ့အငန္ျမည္းစမ္းၾကည့္ၿပီးတဲ့ေနာက္မွာေတာ့ အရသာရွိတဲ့ ၾကက္သား ကညႊတ္ေၾကာ္ဟင္းလ်ာေလး ရရွိသြားပါၿပီ။
Source: Spicetheplate.com