အားလုံးပဲ မင်္ဂလာပါ။ Oven နဲ့ ကင်ထားတဲ့ ကြက်သားကင်ကို ရယ်ဒီမိတ် အချဉ်ရည်တွေ၊ ဆော့စ်တွေနဲ့ မတို့စားဘဲ အရသာရှိတဲ့ ချိစ် ခရမ်းချဉ်သီးဆော့စ်နဲ့ မတို့စားချင်ကြဘူးလား။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၄ တုံး
  • ကြက်သွန်ဖြူ ၂ မြွှာ
  • ချိစ် စားပွဲတင်ဇွန်း ၆ ဇွန်း
  • ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ တစ်ဝက်
  • Heavy Cream စားပွဲတင်ဇွန်း ၈ ဇွန်း

  • ထောပတ် စားပွဲတင်ဇွန်း တစ်ဝက်
  • ရေ ၁၂၅ မီလီလီတာ
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ Oven ကို အပူချိန် ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ကြက်သားတုံးများကို အဝတ်စသန့်သန့်တစ်ခုဖြင့် ရေခြောက်အောင် သုတ်ပြီးနောက် ကြက်သားတုံးများ ပြားသွားအောင် အလေးတုံးဖြင့် ထုချလိုက်ပါ။ ထို့နောက် ကြက်သား နှစ်ဖက်ခြမ်းစလုံးကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ ဖြူးထားလိုက်ပါ။

၃။ ဒယ်အိုးကို မီးအပူပေးပြီး သံလွင်ဆီ ထည့်ထားလိုက်ပါ။ ကြက်သားတုံးများကို တစ်ခြမ်းကို ၃ မိနစ်စီ ကြော်ထားလိုက်ပါ။

၄။ ကြက်သားကြော်ကို ခဲဖတ်ခံထားသော အကင်လင်ဗန်းထဲထည့်ကာ ချိစ်များကို ကြက်သားကြော်ပေါ် ဖြူးထားလိုက်ပါ။ (ခရမ်းချဉ်သီးဆော့စ် ပြုလုပ်ဖို့ ချိစ်နည်းနည်းချန်ထားပေးရပါမယ်) ထို့နောက် Oven ထဲတွင် ၈ မိနစ်မှ ၁၀ မိနစ်ခန့်အထိ ထည့်ထားလိုက်ပါ။ (ကြက်သားထည့်ကင်ထားတဲ့အချိန်မှာတော့ Oven အပူချိန်က အနည်းဆုံး ၁၆၅ ဒီဂရီဖာရင်ဟိုက် ရှိနေရပါမယ်)

၅။ ကင်နေတဲ့အချိန်မှာ ခရမ်းချဉ်သီးဆော့ ပြုလုပ်ရပါမယ်။ ဒယ်အိုးကို အလယ်အလတ်အပူချိန်ဖြင့် အပူပေးပြီးနောက် ပါးပါးလှီးထားသော ကြက်သွန်ဖြူများထည့်ကာ စက္ကန့် ၃၀ ခန့် မွှေပေးလိုက်ပါ။

၆။ ထို့နောက် Heavy Cream ၊ ရေနဲ့ ခရမ်းချဉ်သီးအနှစ်တို့ ထပ်ထည့်ပြီး ပွက်ပွက်ဆူလာသည်အထိ (၄ မိနစ်ခန့်) တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက ဆား၊ ငရုတ်ကောင်းနဲ့ ထောပတ်အနည်းငယ်တို့ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။

၇။ ကြက်သားကင်တဲ့အချိန် ပြည့်ပြီးတဲ့နောက်မှာ ပန်းကန်ပြားထဲ ပြောင်းထည့်ပြီး ကြက်သားကင်ပေါ်ကို ချိစ် ခရမ်းချဉ်သီးဆော့စ်လေး ဆမ်းပြီး အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

ထမင်းနဲ့လည်း တွဲစားနိုင်သလို ဟင်းသီးဟင်းရွက်များနဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်။

Source: mydeliciousmeals.com