ပါဝင်ပစ္စည်းများ
- အရွက်များ ခြွေထားသော ငရုတ်ရွက် – အနေတော် ဇကာတလုံး
- မညက်တညက် ထောင်းထားသော မြေပဲလှော် – ထမင်းစားဇွန်း တဇွန်းမောက်မောက်
- ပဲအကျက်မှုန့် – ထမင်းစားဇွန်း တဇွန်းမောက်မောက်
- ပုဇွန်ခြောက်မှုန့် – ထမင်းစားဇွန်း တဇွန်းမောက်မောက်
- ငါးငံပြာရည် – ထမင်းစားဇွန်း တဇွန်း
- ကြက်သွန်ဖြူဆီချက် – ထမင်းစားဇွန်း ၂ဇွန်း
- ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ – အနေတော် တခြမ်း
- သံပုရာရည် – လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
- အရသာမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
ပြင်ဆင်ပြုလုပ်နည်း
ငရုတ်ရွက်ကို ရေစင်အောင်ဆေးပြီး ၂ မိနစ်ပြုတ်ကာ ရေသွန်ပြီး နောက်ထပ်၂မိနစ် ထပ်ပြုပ်ပေးပါ။ ပြုပ်ပြီးပါက ရေအေးနဲ့ ဆေးပြီး ရေများကို လက်နှင့်ဆုတ်ပြီး ညှစ်ပေးပါ။
ဇလုံကျယ်ကျယ်ထဲမှာ ငရုတ်ရွက်ပြုတ်၊ ကြက်သွန်နီ၊ မြေပဲ၊ ပုဇွန်ခြောက်၊ ပဲမှုန့်၊ အရသာမှုန့်၊ ကြက်သွန်ဖြူဆီချက်၊ ငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ။
နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ သံပုရာသီးနံ့ မွှေးမွှေးနဲ့ ငရုတ်ရွက်သုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။
Credit: Mar Mar Lwin