အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ပါဝင်ပစ္စည်း (၆) မျိုးတည်းနဲ့ အရသာရှိအောင်ကြော်ထားတဲ့ ဂေါ်ဖီကြော်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ငရုတ်ကောင်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီး အခြောက်တောင့် ၂ တောင့်
  • ဂေါ်ဖီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ

Cabbage

  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားပါ။ ဆီပူလာပါက ငရုတ်ကောင်းစေ့များထည့်ကာ အညိုရင့်ရောင်ပြောင်းသွားသည်အထိ မွှေပေးလိုက်ပါ။ အညိုရင့်ရောင်ပြောင်းသွားပါက ငရုတ်ကောင်းစေ့များကို ဆယ်ယူလိုက်ပါ။

၂။ ဒုတိယအဆင့်အနေနဲ့ ဆီထဲသို့ ငရုတ်သီးတောင့်နှင့် ဂေါ်ဖီများထည့်ကာ စက္ကန့် ၃၀ ခန့် မွှေကြော်ပေးလိုက်ပါ။ ထို့နောက် ဆားထည့်ကာ မီးအပူချိန်ကို လျော့လိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ပဲငံပြာရည်ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ဂေါ်ဖီကြော်လေး ရရှိသွားပါပြီ။

ငရုတ်ကောင်းစေ့များကို အလဟဿ မဖြုန်းတီးစေလိုသူများအတွက် စောစောက လှော်ထားသော ငရုတ်ကောင်းစေ့များကို အအေးခံထားပြီးနောက် အမှုန့်များ ရအောင် ထောင်းပေးလိုက်ပါ။ ဒါဆိုရင်တော့ ဟင်းချက်ရာမှာ အသုံးတည့်တဲ့ အနံ့မွှေးမွှေး ငရုတ်ကောင်းမှုန့်လေး ရရှိသွားပါလိမ့်မယ်။

Source: Omnivorescookbook.com