အားလုံးပဲ မင်္ဂလာပါ။ ကလေးလူကြီးအားလုံးကြိုက်နှစ်သက်တဲ့ အမဲသားအာလူးဟင်းကို ဒီတစ်ခါမှာတော့ တရုတ်ချက်နည်းအတိုင်း ချက်လို့ရအောင်လို့ ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

• အမဲသား ၁ ကီလိုဂရမ် (အနေတော် အတုံးတုံးထားပါ)
• မုန်လာဥနီ ၁ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
• အာလူး အကြီး ၁ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
• ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
• ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

• အုန်းနို့ ၁၀၀ မီလီလီတာ
• ရေနွေး ၂၅၀ မီလီလီတာခန့်

ပြုလုပ်နည်း အဆင့်ဆင့်

 

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဆီပူလာပါက အမဲသားများကို ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ရေနွေး ၂၅၀ မီလီလီတာခန့်ထည့်ပြီး အဖုံးအုပ်ထားကာ အမဲသားများကို မိနစ် ၂၀ ခန့် တည်ထားလိုက်ပါ။

၂။ အခြားဒယ်အိုးတစ်လုံးထဲတွင် ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ကြက်သွန်နီထည့်ကာ ဆီသတ်လိုက်ပါ။ ထို့နောက် ကြက်သွန်နီများကို ဆယ်ယူထားလိုက်ပါ။

၃။ အမဲသားများ နူးအိသွားပါက အာလူး၊ မုန်လာဥနီနှင့် ကြက်သွန်နီ၊ အုန်းနို့တို့ထည့်ပြီး ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် တည်ထားရပါမယ်။

၄။ မိနစ် ၂၀ ပြည့်ပါက အိုးအဖုံးဖွင့်ကာ ဟင်းအနှစ်များ ပျစ်သွားသည်အထိ မိနစ်အနည်းငယ်ခန့် ထပ်တည်ထားပေးပါ။

အဆင့်အားလုံးပြီးဆုံးသွားပြီဆိုရင်တော့ အရသာရှိတဲ့ အာလူး အမဲသားဟင်းကို ထမင်းနဲ့ ပူပူနွေးနွေး အရသာရှိရှိစားသုံးနိုင်ပါပြီ။

အခုဖော်ပြပေးသွားတဲ့ အာလူးအမဲသားဟင်းကတော့ တရုတ်ချက်နည်းပဲဖြစ်ပါတယ်။

Source: Chinasichuanfood.com