အားလုံးပဲမင်္ဂလာပါနော်။ဒီတခါမှာတော့ ကိုက်လန်ကို ခရုဆီရွှဲရွှဲလေးနဲ့ ဘယ်လိုလုပ်စားလုပ်စားလို့ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ကိုက်လန် တစ်စီး
- ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ခရုဆီ
- ဆားအနည်းငယ်
- ရေ
ပြုလုပ်နည်း
အရင်ဆုံးရေကို ဆူပွက်အောင်သယ်ပေးလိုက်ပါ။ ပြီးရင်ဆီနည်းနည်းထည့်လိုက်ပါ။
ဆူပွက်နေချိန်မှာ ကိုက်လန်ထည့်လိုက်ပါ။ ဆားနည်းနည်းထည့်ပြီး ကိုက်လန်ကို ရေထဲမှာ နှစ်ပေးပါ။
အားလုံးကျက်သွားပြီဆိုရင်တော့ ဆယ်ပေးလိုက်ပြီး အပေါ်ကနေ ခရုဆီ ဆမ်းပေးလိုက်ပါ။
ဒါဆို၇င်တော့ သုံးဆောင်လို့ရပါပြီနော်။
Source: www.thewokoflife.com
By: MyFood Myanmar