အားလုံးပဲ မင်္ဂလာပါ။ ကြက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် သီဟိုဠ်စေ့ ကြက်သားကြော်ဟင်းလျာ ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငရုတ်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း

  • ရေ စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • သီဟိုဠ်စေ့ စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • မြေပဲဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ရင်အုံသား ၁ ပေါင်ခွဲ (၂ လက်မပတ်လည် အတုံး လှီးဖြတ်ထားပါ)
  • မှို ၁ ပေါင် (အနေတော်တုံး လှီးဖြတ်ထားပါ)

  • မုန်လာဥနီ ၁ လုံး (အနေတော်အတုံး လှီးဖြတ်ထားပါ)
  • ပြောင်းမှုန့်အရည် (ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် ရောမွှေထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆော့စ်ပြုလုပ်ရန်အတွက် ငရုတ်ဆီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်၊ ရေတို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၂။ ခြောက်သွေ့သော အိုးတစ်လုံးတွင် သီဟိုဠ်စေ့များထည့်ကာ ၁ မိနစ်ခန့် လှော်ပါ။ ထို့နောက် ပန်းကန်လုံးထဲ ပြောင်းထည့်ထားပါ။

၃။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သားများထည့်ကာ ၅ မိနစ်၊ ၆ မိနစ်ခန့် ကြော်ပါ။ ထို့နောက် ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၄။ ထို့နောက် မှို၊ မုန်လာဥနီတို့ထည့်ကာ ၃ မိနစ်ခန့် မွှေကြော်ပါ။

၅။ ထို့နောက် ကြက်သားကြော်၊ သီဟိုဠ်စေ့နှင့် ဆော့စ်တို့ကို ရောပေါင်းလိုက်ပါ။ အိုးအဖုံးအုပ်ထားကာ ၃ မိနစ်ခန့် တည်ပါ။

၆။ ၃ မိနစ်ပြည့်ပါက ပြောင်းမှုန့်အရည်ထည့်ပါ။ ဟင်းရည်က ပျစ်သွားသည်အထိ ရောကြော်ပေးလိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ သီဟိုဠ်စေ့ ကြက်သားကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Thespruceeats.com