အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကြက်ဥကြော်ကို ပုံစံအသစ်တစ်မျိုးနဲ့ အရသာရှိအောင် ဘယ်လိုကြော်ရမလဲဆိုတဲ့ ဟင်းချက်နည်းကို ဝေမျှပေးချင်တာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၅ လုံး
  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ခရမ်းချဉ်သီး ၁ လုံး (အကွင်းလိုက် ပါးပါးလှီးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငရုတ်သီးဆော့စ် လက်ဖက်ရည်ဇွနး ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို မီးကင်ဖို့ရန်အတွက် ကြိုတင်အပူပေးထားလိုက်ပါ။

ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥ ၅ လုံး၊ ရေ၊ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ၊ ဟင်းချက်ဝိုင်နှင့် ငရုတ်သီးဆော့စ်တို့ထည့်ကာ မွှေခလောက်ပေးလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက မွှေခလောက်ထားသော ကြက်ဥများအားလုံး လောင်းထည့်ပြီးနောက် ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ ကြက်ဥရဲ့အောက်ခြေက ကျက်သွားပြီဆိုရင်တော့ ထိုဒယ်အိုးကို Oven ထဲထည့်ပြီး ၃ မိနစ်ခန့် မီးကင်ပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ ခရမ်းချဉ်သီး ကြက်ဥပန်ကိတ်ကြော်လေး ရရှိသွားပါပြီ။

သူ့ချည်းပဲစားရင်လည်း အရသာရှိသလို ထမင်းနဲ့ တွဲဖက်စားသုံးမယ်ဆိုရင်လည်း လိုက်ဖက်မှုရှိတဲ့ကြက်ဥကြော်လေးပဲဖြစ်ပါတယ်။

Source: Thewoksoflife.com