ကြက်ဥကြော်ဟင်းလျာကတော့ ဘယ်အချိန်ကြော်စားစား ဘယ်တော့မှ ရိုးမသွားတဲ့ဟင်းလျာတစ်ပွဲပါပဲ။ ထိုကြက်ဥကြော်ကို ဒီတစ်ခါမှာတော့ ကြက်သွန်မြိတ်နဲ့ ရောသမမွှေပြီး ကြော်စားနိုင်မယ့် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးဟင်းချက်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၅ လုံး
  • သကြား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • ရေ လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • ကြက်သွန်မြိတ် ပန်းကန်လုံး ၂ လုံးစာ (ခပ်တိုတို လှီးဖြတ်ထားပါ)
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥ ၅ လုံးကို ပန်းကန်လုံးအကြီးတစ်လုံးထဲသို့ ဖောက်ထည့်ပြီးနောက် သကြား၊ ဆား၊ ဟင်းချက်ဝိုင်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီနှင့် ရေတို့ထည့်ကာ သမအောင် မွှေခလောက်ထားလိုက်ပါ။

၂။ ကြက်ဥအမြှုပ်လေးများ ထလာပြီဆိုရင်တော့ ကြက်သွန်မြိတ်ထည့်ပြီး ထပ်မံမွှေခလောက်ပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်မြိတ် ကြက်ဥများထည့်ပါ။

၄။ ကြက်ဥ မကျက်တကျက်အချိန်မှာပဲ ဇွန်းဖြင့် အသာအယာမွှေပေးလိုက်ပါ။

၅။ ဒါဆိုရင်တော့ အရသာချိုချိုဆိမ့်ဆိမ့်လေးနဲ့ အရသာရှိတဲ့ ကြက်သွန်မြိတ် ကြက်ဥမွှေကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source : Thewoksoflife.com