အရသာရှိပြီး လျှာလည်သွားစေမယ့် အမဲသားနှပ်ဟင်းလျာလေး ချက်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ကီလိုဂရမ်
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ခရမ်းချဉ်သီး ၄၈၀ ကီလိုဂရမ်
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ဂျင်း ၁၀ ဂရမ် (ပါးပါးလှီးထားပါ)

  • မုန်လာဥနီ ၂၀၀ ဂရမ် (ပါးပါးလှီးထားပါ)
  • ရေ ၇၀၀ မီလီလီတာနှင့် ဆန်ဝိုင် ၇၀ မီလီလီတာ
  • ပဲငံပြာရည် အကြည် ၂၀၀ မီလီလီတာ
  • ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သစ်ကြမ်းပိုးခေါက် ၄ ပုံ ၁ ပုံ

ပြုလုပ်နည်းအဆင့်ဆင့်

၁။ အိုးတစ်လုံးထဲ ရေအပြည့်ထည့်ပြီး အမဲသားထည့်ကာ ၅ မိနစ်ခန့် တည်လိုက်ပါ။ ၅ မိနစ်ပြည့်တဲ့အခါ ရေများ စစ်ထုတ်ပြီး အမဲသားများကို ရေအေးဖြင့် သန့်စင်အောင် ဆေးကြောလိုက်ပါ။ အမဲသားများကို သပ်သပ်ဖယ်ထုတ်ထားပါ။

၂။ အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး ကြက်သွန်နီနဲ့ ဂျင်းများ ထည့်ပြီး မွှေပေးလိုက်ပါ။ အမဲသားထည့်ပြီး ၃ မိနစ်မှ ၅ မိစန်ခန့် မွှေပေးလိုက်ပါ။

၃။ ဆန်ဝိုင်ထည့်ပြီး စက္ကန့် ၃၀ ခန့် ထပ်မွှေပေးလိုက်ပါ။ ပဲငံပြာရည် အကြည်နဲ့ ပဲငံပြာရည် အနောက်တို့ထည့်ပြီး ဆူပွက်လာသည်အထိ တည်ထားလိုက်ပါ။

၄။ ပွက်ပွက်ဆူလာပါက ခရမ်းချဉ်သီး၊ ရေနှင့် သစ်ကြမ်းပိုးခေါက်တို့ထည့်ပြီး တည်ထားလိုက်ပါ။

၅။ အလယ်အလတ်မီးအပူချိန်ဖြင့် တစ်နာရီခွဲခန့် တည်ထားရပါမယ်။ ဟင်းအိုးကို မကြာခဏ မွှေပေးရပါမယ်။

၆။ အချိန်ပြည့်သွားပါက မုန်လာဥနီထည့်ပြီး မုန်လာဥနီ နူးအိလာပါက ဆားထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

နောက်ဆုံးမှာတော့ အရသာရှိတဲ့ မုန်လာဥနီ၊ ခရမ်းချဉ်သီး အမဲသားနှပ်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: thespruceeats.com